Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ဒေသ ကာလပေါက်ဈေး ငွေကျပ်သိန်းပေါင်း ၁၆,ဝဝ၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ဒေသ ကာလပေါက်ဈေးငွေကျပ် သိန်းပေါင်း ၁၆,ဝဝ၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန  က ယနေ့ မေ ၁၃ ရက် တွင် သတင်း ထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ မေ ၁၂ ရက်၊ ဝ၃း၃၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နယ်၊ မန်တုံ-မိုးမိတ် သွားလမ်းတွင် မန်တုံမြို့ဘက်မှ မိုးမိတ်မြို့ဘက်သို့ ဦးတည်လာသည့် မန်တုံမြို့နယ်၊ လွယ်ကန်ကျေးရွာနေ လှငွေ ၃၁ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ရွှေလေး စီးနင်းမောင်းနှင်လာ သည့်မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရွှေလေး မှ ဆိုင်ကယ်အားလှဲချထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် သက်ဆိုင်ရာက စစ်ဆေးမှု ဆက်လက်ဆောင်ရွက်ရာ လှငွေ စီးနင်းမောင်းနှင်လာသည့်ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသော ပီနံအိတ် ၂ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ,ဝဝ၀ ပြားအားလည်းကောင်း၊ ရွှေလေး လှဲချထားခဲ့သည့်မော်တော်ဆိုင်ကယ်ပေါ်တွင်တင်ဆောင်လာသော ပီနံအိတ် ၂ အိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀ဝ,ဝဝ၀ ပြားအားလည်းကောင်း၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၈၀ဝ,ဝဝ၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆,ဝဝ၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူအား မိုးမိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူလျက်ရှိပြီး  အခြားတရားခံဖမ်းဆီးရမိရေးနှင့် ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)