ပေကျင်း၊ မေ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံနှင့်အတူ ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကျောက်လိကျန်းက မေ ၁၃ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ထိရောက်မှုရှိပြီး အသုံးဝင်သော အတွေ့အကြုံများ ထောက်ပံ့ပေးလျက်ရှိကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် နမူနာကောင်းတစ်ခု ချမှတ်နိုင်ခဲ့ကြောင်း...
ချုံချင့်၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်-စင်ကာပူ နှစ်နိုင်ငံ ကွန်ရက်ချိတ်ဆက်မှု စီမံကိန်းမူဘောင်အရ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၂၁၁ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း အာဏာပိုင်များက မေ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
အက်ဒစ်စ် အက်ဘာဘာ၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ဆေးပညာရှင်များသည် ဂျီဘူတီနိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကူညီပေးခြင်း အထူးတာဝန်ပြီးဆုံးချိန်တွင် ၎င်းတို့၏ လုပ်ဆောင်မှုများအတွက် ဂုဏ်ပြုဆုများ ချီးမြှင့်ခံရကြောင်း နှင့် မေ ၁၁ ရက်တွင် ဂျီဘူတီနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထျန်းကျင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ) FAW တိုယိုတာ၏ ပထမဆုံးသော လျှပ်စစ်ကားများကို အများအပြားထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထျန်းကျင်း FAW Toyota မော်တော်ကားကုမ္ပဏီထံမှ သိရသည်။
အော့တဝါ၊ မေ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရမှ ပေးအပ်လှူဒါန်းသော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများသည် ကနေဒါနိုင်ငံသို့ မေ ၁၁ ရက် ညပိုင်းက ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကနေဒါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ မေ ၁၂ ရက် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ကျိုချွမ်၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသအခြေစိုက် အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT) ဆက်သွယ်ရေး နည်းပညာ စမ်းသပ်ရန် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုနှစ်စင်းကို မေ ၁၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ထိုက်ယွမ်၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဒေးလီလီပန်း(daylily) စိုက်ပျိုးရေး၏ အရေးပါမှု နှင့် ဒေသခံပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အထောက်အပံ့ဖြစ်နေမှုအပေါ် အလေးထားပြောကြားခဲ့သည်။
ထိုက်ယွမ် ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) သည် ရိုးသားဖြောင့်မတ်သော ကတိကဝတ်ဖြင့် တရုတ်ပြည်သူပြည်သား အားလုံးအတွက် ပျော်ရွှင်မှုများကို ဆောင်ကြဉ်ပေးနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်သို့ သွားရောက် စစ်ဆေးသောခရီးစဉ်အတွင်း ရွာသူရွာသားများနှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ သတင်းသမားများအတွက် ရက်ပေါင်း ၉၀ နေထိုင်ခွင့် ဗီဇာကန့်သတ်မှု ပြုလုပ်ရန် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိတ်ပျက်ရကြောင်း နှင့် ကန့်ကွက်ရှုံ့ချကြောင်း တရုတ်နိုင်ငံက မေ ၁၁ ရက်တွင် ပြောကြားလိုက်သည်။