Connect with us

Media

ထိုင်ဝမ်သို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပီလိုစီလာရောက်မည့်ခရီးစဉ်ကို “မဆိုင်းမတွဖျက်သိမ်းရန်” တရုတ်တောင်းဆို

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ (Nancy Pelosi) က ထိုင်ဝမ်သို့ လာရောက်မည့် ခရီးစဉ်အား ဆက်လက်လုပ်ဆောင်ပါက တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာ နှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကိုကာကွယ်ရန်အတွက် ခိုင်မာပြတ်သားစွာ ဆောင်ရွက်သွားမှာဖြစ်ပြီး အမေရိကန်ဘက်မှ နောက်ဆက်တွဲ အကျိုးဆက်များအားလုံးကို ခံနိုင်ရည်ရှိစေရန်ပြင်ဆင်ထားသင့်ကြောင်း တရုတ်နိုင်ငံက ဧပြီ ၇ ရက်တွင် သတိပေးပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံဘက်မှ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမူဝါဒနှင့် တတိယအကြိမ်မြောက် တရုတ်-အမေရိကန် ပူးတွဲသဘောတူညီချက်၏ စည်းမျဉ်းစည်းကမ်းပြဋ္ဌာန်းချက်များကို တစ်သဝေမတိမ်းလိုက်နာရမည်ဖြစ်ကြောင်း နှင့် ပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အား မဆိုင်းမတွ ဖျက်သိမ်းရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဆိုသည်။
“တရုတ်နိုင်ငံက အမေရိကန် နဲ့ ထိုင်ဝမ်ကြား တရားဝင် အပြန်အလှန် ဆက်ဆံမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်၊ အမေရိကန်လွှတ်တော်ဆိုတာက အမေရိကန်အစိုးရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်၊ ဒီတော့ အမေရိကန်အစိုးရရဲ့ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒကိုလိုက်နာသင့်ပါတယ်၊ တကယ်လို့ လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ က ထိုင်ဝမ် ကိုလာရောက်မယ်ဆိုရင် ဒါဟာ တရုတ်တစ်နိုင်ငံတည်းမူဝါဒ နဲ့ တတိယအကြိမ်မြောက် တရုတ်-အမေရိကန် ပူးတွဲသဘောတူညီချက်ရဲ့ စည်းမျဉ်းစည်းကမ်းပြဋ္ဌာန်းချက်တွေကို ပြင်းထန်စွာချိုးဖောက်ရာရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ နဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ဆိုးဝါးစွာထိခိုက်စေမှာဖြစ်တဲ့အပြင် တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့နိုင်ငံရေးအခြေခံအုတ်မြစ်အပေါ် ပြင်းထန်စွာထိခိုက်မှုတွေရှိလာမှာဖြစ်ပါတယ်၊ ဒါဟာ ထိုင်ဝမ် ခွဲထွက်ရေးအင်အားစုတွေ အတွက်လည်းမှားယွင်းတဲ့အချက်ပြမှုတွေဖြစ်လာစေမှာပါ၊ တရုတ်နိုင်ငံက ဒါကို ပြင်းထန်စွာကန့်ကွက်ထားပြီးတော့ အမေရိကန်ဘက်ကို ကန့်ကွက်လွှာတင်ထားတာလည်း ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်၊ အမေရိကန်ဘက်က တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမူဝါဒ နဲ့ တတိယအကြိမ်မြောက် တရုတ်-အမေရိကန် ပူးတွဲသဘောတူညီချက်ရဲ့ စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်တွေကို တစ်သဝေမတိမ်းလိုက်နာသင့်ကြောင်း နဲ့ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို မဆိုင်းမတွ ဖျက်သိမ်းဖို့ နဲ့ ထိုင်ဝမ်နဲ့ တရားဝင် ဆက်သွယ်မှုတွေကိုရပ်တန့်ပြီး “ထိုင်ဝမ်ခွဲထွက်ရေးအင်အားစု”တွေကို အထောက်အပံ့မပေးဘူးဆိုတဲ့ကတိကဝတ်ကိုတည်အောင်လုပ်ဖို့ လိုအပ်ပါတယ်၊ တကယ်လို့ အမေရိကန်က ကိုယ့်သဘောအတိုင်းကိုယ်ဆက်ပြီးလုပ်သွားမယ်ဆိုရင် တရုတ်နိုင်ငံကလည်း မိမိတို့နိုင်ငံရဲ့အချုပ်အခြာ အာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကိုကာကွယ်ဖို့အတွက် တင်းကျပ်တဲ့အစီအမံတွေနဲ့တုန့်ပြန်သွားမှာဖြစ်ပြီး အဲဒီ က ထွက်ပေါ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေ အကုန်လုံးဟာ အမေရိကန်နဲ့သာအလုံးစုံ သက်ဆိုင်သွားမှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဆိုသည်။
ဆင်ဟွာသတင်းထောက်များက ပေကျင်းမြို့မှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)

…………………………….
(English Version)
GLOBALink | China demands “immediate cancellation” of Pelosi’s Taiwan visit plan
China on Thursday warned that if U.S. House Speaker Nancy Pelosi insists on visiting Taiwan, China will take firm and robust measures to resolutely safeguard its sovereignty and territorial integrity and the U.S. side shall bear all ensuing consequences.
Urging the U.S. side to stick to the one-China principle and stipulations of the three China-U.S. Joint Communiques, Foreign Ministry spokesperson Zhao Lijian said that Pelosi’s planned visit to Taiwan must be cancelled immediately.
SOUNDBITE (Chinese/English interpretation): ZHAO LIJIAN, Chinese Foreign Ministry spokesperson
“China firmly opposes all forms of official interactions between the U.S. and Taiwan. The U.S. Congress is part of the U.S. government. It should follow the one-China policy of the U.S. government. If Speaker Nancy Pelosi visits Taiwan, it will severely violate the one-China principle and stipulations in the three China-U.S. Joint Communiques, gravely undermine China sovereignty and territorial integrity and seriously impact the political foundation of China-U.S. relations. It will also send a very wrong signal to the ‘Taiwan independence’ separatist forces. China firmly opposes this and has lodged so long representation with the U.S. side.
The U.S. side should abide by the one-China principle and the three China-U.S. Joint Communiques, immediately cancel Nancy Pelosi’s plan to visit Taiwan, stop official interactions with Taiwan and fulfill its commitment of not supporting ‘Taiwan independence’ forces. If the U.S. insists on having its own way, China will take strong measures in response to defend national sovereignty and territorial integrity. All possible consequences that arise from this will completely be borne by the U.S. side.”
Xinhua News Agency correspondents reporting from Beijing.
(XHTV)