ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ယခုနှစ် မတ်လအထိ အင်တာနက်အသုံးပြုသူအရေအတွက်သည် ၉၀၄ သန်းအထိ ရှိလာပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ကထက် ၇၅.၀၈ သန်း မြင့်တက်လာခဲ့ကြောင်း ဧပြီ ၂၈ ရက်၌ ထုတ်ပြန်လိုက်သည့် တရုတ်နိုင်ငံ၏ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာအရ...
ပေကျင်း၊ဧပြီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ အက်ကွီတိုးရီးယဲလ်ဂီနီနိုင်ငံ(Equatorial Guinea) သံအမတ်ကြီး German Ekua Sima Abaga က COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအပေါ် ထောက်ခံကြောင်း ပြောကြားလိုက်သည်။
ပေကျင်း ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မတ်လအတွင်း စက်မှုလုပ်ငန်းသုံး စက်ရုပ်ထုတ်လုပ်မှုသည် မနှစ်ကထက် ၁၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မတ်လတွင်ထုတ်လုပ်မှုပေါင်း ၁၇,၂၄၁ ယူနစ်ရှိကြောင်း တရားဝင် အချက်အလက်များ အရသိရသည်။
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်သည် ဧပြီ ၂၄ ရက်နေ့က မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး (Inactivated COVID-19 vaccine) သည် ဧပြီ ၂၄ ရက်တွင် လက်တွေ့စမ်းသပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကာကွယ်ဆေးထုတ်လုပ်သူများက ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 တိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်နေမှုနှင့် ဖွံဖြိုးဆဲနိုင်ငံ များတွင် ပြည်သူ့ကျန်းမာရေးစနစ် တည်ဆောက်ခြင်းတို့အတွက် ထောက်ကူရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံသို့ အမေရိကန်ဒေါ်လာ သန်း ၃၀ ထပ်မံလှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၃ ရက်တွင်...
ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး မားစ်ဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ်ကို ထျန်းဝန်-၁ (Tianwen-1) ဟူ၍ အမည်ပေးထားကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသဆိုင်ရာစီမံအုပ်ချုပ်မှုဌာန (CNSA) က တရုတ်နိုင်ငံ၏ အာကာသနေ့ဖြစ်သော ဧပြီ ၂၄ ရက်တွင် ကြေညာလိုက်သည်။
ဟန်ကျိုး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်တာနက်လုပ်ငန်းကြီးများဖြစ်သော အလီဘာဘာအုပ်စု၊ JD.com နှင့် Tencent တို့က COVID-19 စမ်းသပ်မှုများအတွက် ကြိုတင်စာရင်းပေးခြင်း (Booking) ဝန်ဆောင်မှုများကို မိတ်ဆက်လိုက်ကြောင်း ကုမ္ပဏီများ၏ ပြောကြားချက်အရ သိရသည်။
ဆန်းကျန့် ၊ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ခရီးသွားများဆွဲဆောင်မှုအသင်းနှင့် နိုင်ငံအတွင်း ပန်းဥယျာဉ်ဖော်ဆောင်ရေးနှင့် ူုြလုပ်ငန်းလည်ပတ်ရေး ဦးဆောင်အဖွဲ့ဖြစ်သည့် OCT အုပ်စုလက်အောက်ခံ သုတေသနအဖွဲ့အစည်းတစ်ခုတို့ ပူးပေါင်းပြီး ခရီးသွားများအတွက်အပျော်ရွှင်ဆုံး ဆွဲဆောင်ရာနေရာ ညွှန်းကိန်းတစ်ခု ကို ဧပြီ ၂၀ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး မားစ်ဂြိုဟ်လေ့လာရေးခရီးစဉ်၏ နာမည်နှင့် တံဆိပ်ကို ဧပြီ ၂၄ ရက်တွင် ကျရောက်မည့် တရုတ်နိုင်ငံ အာကာသနေ့တွင် အများပြည်သူထံ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ စီမံခန့်ခွဲမှု (CNSA) အရ သိရသည်။