Connect with us

International Organizations

UNIFIL တပ်မှူးက တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့သည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ချီးကျူးပြောကြား

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) တပ်မှူး Lazaro Saenz က တရုတ်နိုင်ငံ ငြိမ်းချမ်းရေးးထိန်းသိမ်းမှုတပ်ဖွဲ့စခန်းသို့ သွားရောက်ကြည့်ရှုလေ့လာနေသည်ကို မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) တပ်မှူး Lazaro Saenz သည် မကြာသေးမီက လက်ဘနွန်းရောက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့စခန်းသို့ သွားရောက်ကြည့်ရှုလေ့လာစဉ် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၏ လက်ဘနွန်းတောင်ပိုင်း၌ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) တပ်မှူး Lazaro Saenz က တရုတ်နိုင်ငံ ငြိမ်းချမ်းရေးးထိန်းသိမ်းမှုတပ်ဖွဲ့စခန်းသို့ သွားရောက်ကြည့်ရှုလေ့လာနေသည်ကို မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) တပ်မှူး Lazaro Saenz က တရုတ်နိုင်ငံ ငြိမ်းချမ်းရေးးထိန်းသိမ်းမှုတပ်ဖွဲ့စခန်းသို့ သွားရောက်ကြည့်ရှုလေ့လာနေသည်ကို မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့သည် လက်ဘနွန်းတောင်ပိုင်းဒေသ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ လက်ဘနွန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီအကျိုးဆောင်မှုကို ကျေးဇူးတင်ကြောင်း Lazaro က တရုတ်ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

Lazaro က ကပ်ရောဂါကာလအတွင်း တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၏ တာဝန်ထမ်းဆောင်မှုစွမ်းရည်မှာ ကျဆင်းသွားခြင်း မရှိသည့်အပြင် ဒေသခံပြည်သူများအပေါ် ကပ်ရောဂါသက်ရောက်မှု လျှော့ချရန် တက်ကြွစွာ ပံ့ပိုးကူညီခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ်တွင် လက်ဘနွန်းသို့ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် ဘက်စုံ အင်ဂျင်နီယာတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့ခွဲများ ပါဝင်ပြီး တစ်နှစ်ကြာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် လက်ဘနွန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ စတင်စေလွှတ်ချိန်မှစ၍ ယနေ့အထိ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၇,၀၀၀ စေလွှတ်ခဲ့ပြီးဖြစ်ရာ လက်ဘနွန်းတောင်ပိုင်း ငြိမ်းချမ်းရေးအတွက် အလွန်အရေးပါသော ဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)
…………………….
(Chinese Version)
(国际)联黎部队司令称赞中国维和部队发挥重要作用
新华社贝鲁特3月30日电(孔康谊 梁裕源)联合国驻黎巴嫩临时部队(联黎部队)司令拉萨罗日前在中国赴黎巴嫩维和部队营区视察时表示,中国维和部队为维护南黎地区和平发挥了重要作用。
拉萨罗对在现场的中国维和部队官兵表示,中国维和部队在维持南黎地区和平稳定方面发挥着重要作用,他感谢中国对联合国在黎维和事业所做的贡献。
拉萨罗还称赞中国维和部队在新冠疫情期间的工作表现,表示中国维和部队工作效率在疫情期间没有下降,还积极支援当地民众,帮助他们将疫情对生活的影响降到最低。
中国第20批赴黎维和部队于2021年8月部署到位,由多功能工兵分队、建筑工兵分队和医疗分队组成,任务期一年。中国自2006年开始向黎巴嫩派出维和部队以来,迄今已累计派出维和官兵7000余人次,为维护黎南部地区和平稳定做出了重要贡献。(完)
图说1- 3月28日,联合国驻黎巴嫩临时部队(联黎部队)司令拉萨罗(右)在黎巴嫩南部辛尼亚村的中国赴黎维和部队营区视察。新华社发(孔康谊摄)
图说2- 3月28日,联合国驻黎巴嫩临时部队(联黎部队)司令拉萨罗(前左四)在黎巴嫩南部辛尼亚村的中国赴黎维和部队营区视察。新华社发(孔康谊摄)
图说3- 3月28日,联合国驻黎巴嫩临时部队(联黎部队)司令拉萨罗(前左)在黎巴嫩南部辛尼亚村的中国赴黎维和部队营区视察。新华社发(孔康谊摄)