ပေကျင်း ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က အပြည်ပြည်ဆိုင်ရာ ကုန်းမြေ – ပင်လယ် ကုန်သွယ်ရေးစင်္ကြံသစ် နှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ပေါင်းစပ်မြှင့်တင်ရန် ယနေ့ ဩဂုတ် ၂၄ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် 5G နည်းပညာအတွက် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းဌာနက ဩဂုတ် ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
ဟိုင်ခို၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်မှုက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု စင်မြင့်သစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံ၏ ပြန်လည်ရှင်သန်နိုးကြားရေး၌လည်း အရေးပါသောအခန်းကဏ္ဍတစ်ခု အဖြစ် ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ရှင်းကျန်း ကျားစစ် ခရိုင် နှင့် စီချွမ်း လျှမ်စမ်း စီရင်စု အတွင်းရှိ အလွန် ဆင်းရဲနွမ်းပါးသော ခရိုင် ၇ ခု တို့ ၏ သောက်သုံးရေ လုံခြုံမှု လုပ်ငန်း...
ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဩဂုတ် ၂၄ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်မည့် တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဩဂုတ် ၂၁...
ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေး (inactivated vaccine) သည် ပီရူးနိုင်ငံတွင် လက်တွေ့စမ်းသပ်မှု တတိယအဆင့် စတင်နေပြီဖြစ်ကြောင်း Sinopharm ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ကာကွယ်ဆေးထုတ်လုပ်သူ China National Biotec Group (CNBG) က ပြောကြားခဲ့သည်။
နန်နင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ဒေသတွင်း ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအတွက် တရုတ်-အာဆီယံ ဒီဂျစ်တယ် ကုန်သွယ်ရေးစင်တာ တည်ဆောက်ရန် အစီအစဉ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ ၈ သန်းကျော် အကွာအဝေးသို့ ရောက်ရှိခဲ့ပြီး ပုံမှန် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသဆိုင်ရာစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ လကမ္ဘာ စူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာက ဩဂုတ် ၂၀...
ဟဲဖေး၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေကြီးရေလျှံမှုတွင် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ပေးခဲ့ကြသူများ၏ မိသားစုဝင်များထံသို့ ယနေ့ (ဩဂုတ် ၂၀ ရက်) သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် လာမည့်ရက်များတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုဆွေးနွေးရန် သဘောတူထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဩဂုတ် ၂၀ ရက်တွင် ပြောကြားလိုက်သည်။