Connect with us

Media

တရုတ်နိုင်ငံကြက်ခြေနီ အသင်းမှ ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီများထပ်မံပေးပို့

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ယူကရိန်းနိုင်ငံ ကြက်ခြေနီအသင်းထံသို့ ပေးပို့သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီ တတိယအသုတ်သည် ပိုလန်နိုင်ငံ ဝါဆောမြို့သို့ ရောက်ရှိခဲ့ပြီး ထိုမှ တဆင့် ယူကရိန်းနိုင်ငံသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုပေးပို့သည့် အထောက်အပံ့များထဲတွင် ကလေးငယ်များအတွက် နို့မှုန့်များ နှင့် အိပ်ရာခင်းများပါဝင်ပြီး မတ်  ၁၄ ရက်နေ့က ပေကျင်းမြို့မှ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ပေးပို့သည့် အကူအညီ ပထမတစ်သုတ်သည် ယူကရိန်းနိုင်ငံသို့ရောက်ရှိခဲ့ပြီး ယူကရိန်းနိုင်ငံ ကြက်ခြေနီအဖွဲ့က အမှန်တကယ်လိုအပ်နေသည့် နေရာများသို့ ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)

………………………………..

(English Version)

GLOBALink | China Red Cross Society provides more humanitarian aid for Ukraine

BEIJING, March 15 (Xinhua) –The third batch of emergency humanitarian aid supplies sent by the Red Cross Society of China to the Ukrainian Red Cross Society has arrived at Warsaw, Poland, and would continue its journey to its destination, Ukraine.

The new supplies, including milk powder for children and quilts, left Beijing on Monday.

The first batch of supplies has arrived in Ukraine and has been distributed by the Ukrainian Red Cross Society to the displaced most in need.

 

Produced by Xinhua Global Service