ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲများ ၏ အုပ်စုလက်ကျန်ပွဲများ အတွက် ပြင်ဆင်မှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးဦးကိုကိုသိန်းက ပြောသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်း ထားသည့် ၂၀၂၀ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ပြန်လည်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အသင်းယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အာရှ ဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို ဇွန် ၆ ရက်တွင် ပြောသည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ်တွင် အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ယနေ့ ဇွန် ၄ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC ဖလား ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အစီအစဉ်အတွက် ပြန်လည် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် AFCဖလားပြိုင်ပွဲ၏ အာဆီယံဇုန်မှ ပါဝင် ကစား ခွင့်ရှိသည့် နိုင်ငံအလိုက် စာရင်းတွင် မြန်မာနိုင်ငံက အဆင့် (၅) နေရာ၌ ရပ်တည်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ဧပြီ ၇...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup (အေအက်ဖ်စီဖလား) ပြိုင်ပွဲ ကို COVID-19ကြောင့် ဧပြီလကုန်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က တာဝန်ရှိသူတစ်ဦး က ဆင်ဟွာ သို့ မတ် ၂၃ ရက်တွင်ပြောသည်။
တီဟီရန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် ဖီဖာ (FIFA) ကမ္ဘာ့ဖလားအတွက် မကြာမီကျင်းပတော့မည့် အာရှဇုန်ခြေစစ်ပွဲများကို ရွှေ့ဆိုင်းလိုက်ပြီးနောက် အီရန်နိုင်ငံ လက်ရွေးစင်အသင်း၏ မတ်လလယ် စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း တီဟီရန်တိုင်းမ်စ်နေ့စဉ်သတင်းစာက မတ် ၁၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းတစ်ချို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မတ်လ ၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ အဆင့် ပြိုင်ပွဲ ၉ ခုကျင်းပ သွားမည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ဖေဖော်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။