Connect with us

Sport

မြန်မာ့လက်ရွေးစင်  အမျိုးသမီးဘောလုံးအသင်း ၂၀၂၁ ခုနှစ်တွင် အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု ဝင်ရောက် ယှဉ်ပြိုင်ရမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်  အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ်တွင် အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု  ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ယနေ့ ဇွန် ၄ ရက်တွင် ပြောကြားသည်။

မြန်မာ့လက်ရွေးစင်   အမျိုးသမီးအသင်း သည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာရှဖလား ခြေစစ်ပွဲ၊ အာဆီယံအမျိုးသမီးပြိုင်ပွဲနှင့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း  ကျင်းပရန် စီစဉ်ထားသည့်  အာဆီယံအမျိုးသမီးပြိုင်ပွဲမှာမူ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့်  ကျင်းပနိုင်ရန်  မသေချာ သေးဘဲ  ယင်းပြိုင်ပွဲမကျင်းပဖြစ်ပါက မြန်မာ အမျိုးသမီးအသင်းအနေဖြင့်   လာမည့်နှစ်မှသာ နိုင်ငံတကာပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ဆိုသည်။ 

အမျိုးသမီးလက်ရွေးစင်အသင်းအနေဖြင့်   COVID-19 ရောဂါကြောင့် ဖေဖော်ဝါရီလ ကတည်းက လေ့ကျင့်မှုရပ်နားထားရပြီး  ကာလရှည်လေ့ကျင့်မှုမပြတ်စေရန် ကြိုးပမ်းလျက်ရှိကြောင်း၊  ယခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲယှဉ်ပြိုင်ရန်မရှိပါကလည်း  COVID-19 ရောဂါအခြေအနေပေါ်မူတည်၍ လေ့ကျင့်မှု စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ဦးကိုကိုသိန်းက “မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်ဆောင်ရွက် ဖို့ ကျွန်တော်တို့ စာချုပ်ချုပ်ဆိုထားပါတယ်’’ ဟူ၍လည်း  ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ်က ယှဉ်ပြိုင်ခဲ့သည့် အာဆီယံအမျိုးသမီး ပြိုင်ပွဲနှင့်       ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတို့တွင် တတိယဆုများ အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.