Connect with us

Sport

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် လေ့ကျင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက်    ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင်   စတင်လေ့ကျင့်ရန်   စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောကြားသည်။

“မြန်မာအမျိုးသမီးအသင်းက COVID-19 ရောဂါအခြေအနေကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်းမရှိတဲ့အတွက် နှစ်ကုန်ပိုင်းမှသာ စပြီးလေ့ကျင့်နိုင်ဖို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ မြန်မာအမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး    စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ဦးဝင်းသူမိုးနေရာတွင် ပြည်တွင်းနည်းပြတစ်ဦးဖြစ်သည့် ဦးတင်မြင့်အောင်ကို တာဝန်ပေးအပ်ခဲ့သည်။

၎င်းသည် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲတွင်   ယာယီနည်းပြ အဖြစ်သာ ဆောင်ရွက်ခဲ့သော်လည်း နှစ်လယ်ပိုင်းတွင် အမြဲတမ်းနည်းပြအဖြစ် တာဝန်ပေးအပ်ခံခဲ့ရကြောင်း သိရသည်။မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ အာရှဖလားခြေစစ်ပွဲနှင့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲ တို့အတွက်   အဓိကပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ရန် မသေချာသေးဘဲ လာမည့်နှစ်တွင်ကျင်းပမည့်ပြိုင်ပွဲများအတွက်သာ အဓိကပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်သစ် ဦးတင်မြင့်အောင် သည် အမျိုးသမီးလိဂ်ပွဲစဉ်များကို ကြည့်ရှုကာ ကစားသမားများရွေးချယ်ရန် စီစဉ်ထားကြောင်း သိရသည်။   (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117