Connect with us

Sport

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲအပါအဝင် ပြည်တွင်းဘောလုံး ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် COVID-19 ရောဂါစစ်ဆေးမည်

ရှမ်းယူနိုက်တက်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- Myanmar National League)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကြောင့် ရပ်နားထားရသည့် ၂၀၂၀ ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲအပါအဝင် ပြည်တွင်းဘောလုံး ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း COVID-19 ရောဂါ စစ်ဆေးမှုများကို သြဂုတ် ၁၀ ရက် တွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Myanmar National League မှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာကို သြဂုတ် ၈ ရက်တွင်ပြောသည်။

ဦးစိုးမိုးကျော်က “ Camp မှာ ဘောလုံးသမားတွေကို ထားရမှာပါ။ သြဂုတ်လ ၁၀ ရက်နေ့ မှာ ကျွန်တော်တို့ Camp ထဲကို လာစစ်မှာပါ။ ကလပ်အသင်းအားလုံးမှ အုပ်ချုပ်/နည်းပြများအပါအဝင် မှတ်ပုံတင်ထားသည့် ကစားသမား အားလုံးကို  COVID-19 ရောဂါရှိမရှိ စစ်ဆေးမှုတွေ  ပြုလုပ်သွားမှာပါ။ ကျွန်တော်တို့ MNL Page မှာရော၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ Page မှာပါResult တွေ ကိုတင်ပေးသွားမှာပါ။  ပြိုင်ပွဲကျင်းပခွင့်ရရင်လည်း ပြိုင်ပွဲ မပြီးမချင်း ကစားသမားတွေ အကုန်လုံး၊ ပြိုင်ပွဲမှာပါသူတွေ အားလုံးက အပြင်ထွက်ပြီး တခြားသူတွေနဲ့ တွေ့ခွင့်မရှိပါဘူး’’ ဟုပြောသည်။

COVID-19 ရောဂါပိုးစစ်ဆေးပြီး အဖြေအရ  ရောဂါပိုး လုံးဝမရှိမှသာ ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပ ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်အစိုးရ က ခွင့်ပြုမှ ပြိုင်ပွဲတွေ ပြန်လုပ်နိုင်မှာ။ ပွဲတွေ ကို ပရိတ်သတ် မပါပဲကျင်းပမှာပါ။ ကျွန်တော်တို့ပွဲတွေကျင်းပတဲ့အခါ ကျွန်တော်တို့ Page တွေ၊ TV Channel တစ်ချို့၊ ဆိုရှယ်မီဒီယာ တွေရော၊ ကျွန်တော်တို့ ပါတနာ Page တွေကလည်းတင်သွားမှာ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

၂၀၂၀ ရာသီ MNL ပြိုင်ပွဲကို မတ် ၂၄ ရက်တွင် စတင်ရပ်နားခဲ့ရပြီး ရောဂါပိုးရှိ၊ မရှိနှင့် ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ကာ သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိပါက ယခုလတတိယပတ် (သို့မဟုတ်) စတုတ္ထပတ်တွင်  ပြန်လည်ကျင်းပ နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.