Connect with us

Sport

မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်းနှင့် ဂျော်ဒန်လက်ရွေးစင် အသင်းတို့ ခြေစမ်းပွဲကစားရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိ 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) 

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်  အုပ်စုနောက်ဆုံးပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်  အမျိုးသားဘောလုံး အသင်းသည် ဂျော်ဒန်လက်ရွေးစင်အသင်းနှင့်  နိုဝင်ဘာလ တွင် ရန်ကုန်မြို့ ၌ ခြေစမ်းပွဲကစားရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။

အဆိုပါခြေစမ်းပွဲကျင်းပနိုင်ရန်အတွက် အားကစားဝန်ကြီးဌာန၏ ဘောလုံးပြိုင်ပွဲများ ကျင်းပခွင့်  ခွင့်ပြုချက်ပေါ်  တွင် မူတည်ကြောင်းလည်း ၄င်းကဆိုသည်။ဦးဇော်မင်းထိုက်က “နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်ညှိနှိုင်းနေတဲ့ အနေအထားဖြစ်ပါတယ်။ နိုဝင်ဘာလ မှာ COVID-19 ကို ကျော်လွန်ပြီး ပုံမှန်အနေအထားရောက်နိုင်တယ်လို့ မျှော်လင့်တဲ့အတွက် ပွဲကျင်းပဖို့ ကျွန်တော်တို့ နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွေ ညှိနှိုင်း ရခြင်းဖြစ်ပါတယ်။ ဒီပွဲကိုစီစဉ်ဖြစ်ရတာက တာဂျစ်ကစ္စတန် အသင်းနဲ့ နိုဝင်ဘာ ၁၇ ရက် မှာ အဝေးကွင်းကစားဖို့ရှိပါတယ်။ အဲဒီပွဲလေး မတိုင်ခင် ဂျော်ဒန်အသင်းနဲ့ ခြေစမ်းပွဲ ကစားနိုင်ဖို့ ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ဆောင်ရွက်ရခြင်းဖြစ်တယ်’’ဟု ယနေ့ ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ အုပ်စုလက်ကျန် ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ရန် ရှိနေသည်။   မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၈ ရက်တွင် ဂျပန် အသင်းနှင့် အဝေးကွင်း၊  အောက်တိုဘာ  ၁၃  ရက်တွင်  ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် တာဂျစ်ကစ္စတန် အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ဘောလုံးပရိသတ် ကိုပြောချင်တာက ကမ္ဘာ့ဖလားခြေစစ်ပွဲ နဲ့ အာရှဖလားခြေစစ်ပွဲက တွဲပြီးလုပ်ရတာဖြစ်တယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ရင် တောင် အာရှဖလားခြေစစ်ပွဲအောင်ဖို့ ကျွန်တော်တို့ က ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ COVID-19 အလွန် မှာ ပုံမှန် လေ့ကျင့်မှု တွေ ပြန်လုပ်ပါ့မယ် လို့ပြောချင်ပါတယ်။’’ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117