ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ရုရှားရေတပ်နှင့် မြန်မာရေတပ်တို့ နှစ်နိုင်ငံရေတပ်များ၏ ရေကြောင်းလုံခြုံမှုများအပေါ် အတွေးအမြင်များအား အပြန်အလှန်ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တရုတ်နိုင်ငံက အထူး အလေးထားပါကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရသည်။
မန္တလေး၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် မကာအိုတွင် ကျင်းပမည့် မြန်မာနိုင်ငံဖွား တရုတ်နိုင်ငံသားများ ပြန်လည်တွေ့ဆုံပွဲ၌ ဆွေမျိုး ပေါက်ဖော်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်ကြရေး ဆုံးဖြတ်ချက်ချမှတ်ရန် တောင်းဆို ပါကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က Oversea တရုတ်လူမျိုးများ နဝမ အကြိမ်မြောက်...
နေပြည်တော်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် သဘောတူညီချက် ၁၀ ချက်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ကျင်းပဆဲ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံသို့ကမ္ဘာ့ခေါင်းဆောင်များ ၊ နိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းများမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာ ငုယင်ဖူးကျောင့် ယနေ့ဆွေးနွေးကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတွင် တပ်မတော်လေယာဉ်တစ်စီး ပျက်ကျသွားသည့်အတွက် အထူးဝမ်းနည်းကြေကွဲရပါကြောင်း မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော် ထံ ဇွန်လ ၉ ရက် က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်၊ဧပြီ၁၁ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် သည် တရုတ်နိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရတို့သည် အချက် (၁၀) ချက်ပါဝင်သော ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံကို အောက်တွင် ဖော်ပြလိုက်ပါသည်။
ပေကျင်း, ဧပြီ ၁၀ ရက်(ဆင်ဟွာ) တရုတ် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန် နှင့် စဉ်ဆက်မပြတ် ကောင်းမွန်စေရေးကို တွန်းအားပေးရန် နှစ်ဖက်စလုံးအကျိုးအမြတ်ရရှိစေမည့် win-win ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်လေးစားမှု စည်းမျဉ်းများကို ကိုင်ဆွဲသွားကြရန် ဧပြီလ ၁၀ ရက်တွင် သဘောတူညီခဲ့ကြောင်း သိရသည်။