Connect with us

CHINA

သမ္မတရှီကျင့်ဖိန်က COVID-19 တိုက်ဖျက်ရေးတွင် WHO ၏ ဦးဆောင်မှု အခန်းကဏ္ဍကို တရုတ်နိုင်ငံက ဆက်လက် ထောက်ခံအားပေးသွားမည်ဟု ပြောကြား 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်တို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စစ်မြေပြင်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဦးဆောင်မှုအခန်းကဏ္ဍတစ်ခုကို ဆက်လက်ထောက်ခံအားပေးသွားပြီး မြန်မာ နှင့် အခြားသောကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်သွားမည်ဖြစ်ကြောင်း ယနေ့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့် နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုတစ်ခုပြုလုပ်စဉ် သမ္မတ ရှီက နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းစည်းများကမ်းများအပြင် နိုင်ငံတကာ တရားမျှတမှု နှင့် ဖြောင့်မတ်မှန်ကန်မှုတို့ကို ဆုပ်ကိုင်ကာ ခိုင်ခိုင်မာမာကြိုးပမ်းအားထုတ်သွားရန် နှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအတွက် ကပ်ရောဂါစစ်မြေပြင်ကို အနိုင်ယူနိုင်ရေးအတွက် လက်ချင်းချိတ်ထားရန် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117