ဝူဟန့်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် မြို့တော် ဝူဟန့်သို့ စစ်တပ်ဆေးတပ်ဖွဲ့ဝင် ၆၇၆ ဦးနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် ၈ စင်းဖြင့် ဖေဖော်ဝါရီ ၁၇ ရက်က ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)မှ ထပ်မံအားဖြည့် စေလွှတ်ထားသည့် ဆေးကုသရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဝူဟန့်မြို့သို့ အားလုံးရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
မန္တလေး၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးရှိ ကန်တော်နဒီဆေးရုံတွင် စခန်းသွင်း စောင့်ကြပ်ကြည့်ရှုခြင်းခံထားရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံဝူဟန့်မြို့မှ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူ ၅၉ ဦးနှင့် ကျန်မာရေးဝန်ထမ်း ၃ ဦး စုစုပေါင်း ၆၂ ဦးသည် ကျန်းမာရေးကောင်းမွန်စွာရှိသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးမှူး...
ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) က တရုတ် နိုင်ငံ ဝူဟန့် မြို့ ပြည်သူလူထု တို့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး...
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော လူနာများအား လက်ခံရန် ဆေးရုံအသစ်များ တည်ဆောက်မှုသည် အသိအမှတ်ပြုလောက်ဖွယ် ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်း၊ ရောဂါရှာဖွေရေးနှင့် စမ်းသပ်မှုများ စသည့် ကြီးမားသော အလုပ်တာဝန် ထမ်းဆောင်နေကြသော ဓာတ်ခွဲခန်း ပညာရှင်များကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က...
ဝူဟန့်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် အသစ်တည်ဆောက်ပြီးစီးခဲ့သော ဆေးရုံသစ်တစ်ခုတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူနာများအား ဖေဖော်ဝါရီ ၄ ရက်၌ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။အချိန် ၁၀ ရက်ကြာတည်ဆောက်ခဲ့သည့် ဟောဆန်ဆန်း (Fire God Mountain) မီးတောင်နတ် ဆေးရုံကြီးဆီသို့ ...
ပေကျင်း ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံး ဆင်းခွင့်ရရှိခဲ့သည့် လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းအထိ စုစုပေါင်း ၆၃၂ ဦးရှိသွားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ၈၈ နှစ်အရွယ် သက်ကြီးရွယ်အို တစ်ဦးအပါအဝင် ကိုရိုနာ အဆုတ်ရောင် ရောဂါသက်သာပျောက်ကင်းသွားသည့် လူနာ ၃၇ ဦးကို ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် ဝူဟန့်မြို့ ကျင်းရင်ထန်ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ ၎င်းမှာ ရောဂါဖြစ်ပွားပြီးနောက် ကျင်းရင်ထန်ဆေးရုံမှ ဆင်းခွင့်ရသော...
ဝူဟန့် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ လေတပ်က ဖေဖော်ဝါရီ ၂ ရက်တွင် ဝူဟန့်မြို့ရှိ ထျန်းဟော်နိုင်ငံတကာလေဆိပ်(Tianhe) သို့ စစ်ဘက်ထောက်ပို့ရေး လေယာဉ်ကြီး ၈ စင်းကို စေလွှတ်ခဲ့ကြောင်း ၊ ယင်းလေယာဉ်များပေါ်တွင် စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်းပေါင်း ၇၉၅ ဦး နှင့်...
ဝူဟန့် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ နောက်ဆုံးရှာဖွေတွေ့ရှိမှုအနေဖြင့် ၎င်းရောဂါသည် အစာခြေစနစ်(digestive system) မှ ကူးစက်ပြန့်နှံ့ခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တရုတ်နိုင်ငံဆေးပညာရှင်များက သတိပေးလိုက်သည်။