Connect with us

Social, Education & Health

ဝူဟန့်ရှိ ဆေးရုံအသစ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူနာများ စတင်လက်ခံ

ဝူဟန့်ရှိ ဟောဆန်ဆန်းဆေးရုံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူနာများအား လက်ခံကုသပေးရန် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် အသစ်တည်ဆောက်ပြီးစီးခဲ့သော ဆေးရုံသစ်တစ်ခုတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူနာများအား ဖေဖော်ဝါရီ ၄ ရက်၌ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။အချိန် ၁၀ ရက်ကြာတည်ဆောက်ခဲ့သည့် ဟောဆန်ဆန်း (Fire God Mountain) မီးတောင်နတ် ဆေးရုံကြီးဆီသို့  လူနာပထမအသုတ်အား လွှဲပြောင်းလျက်ရှိသည်ဟု ဆိုသည်။

ဝူဟန့်ရှိ ဟောဆန်ဆန်းဆေးရုံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူနာများအား လက်ခံကုသပေးရန် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ဝူဟန့်ရှိ ဟောဆန်ဆန်းဆေးရုံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူနာများအား လက်ခံကုသပေးရန် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

အဆိုပါ ဆေးရုံသည် ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာများကို ကုသမှုပေးရန် ရည်ရွယ်ကာ ယာယီတည်ဆောက်ထားသော ဆေးရုံနှစ်ခုအနက် တစ်ခုဖြစ်သည်။ဝူဟန့်အနေဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော လူနာများကို လက်ခံကုသရန် အားကစားရုံတစ်ရုံနှင့် ပြခန်းစင်တာတစ်ခု အပါအဝင် ရှိနှင့်ပြီးသားနေရာသုံးနေရာအား ဆေးရုံများအဖြစ် ပြောင်းလဲအသုံးပြုရန် စီစဉ်ထားကြောင်း ကူးစက်ရောဂါထိန်းချုပ်မှုစင်တာ ဌာနချုပ်က ဖေဖော်ဝါရီ ၃ ရက်၌ ပြောကြားခဲ့သည်။ယာယီဆေးရုံများအဖြစ် ပြောင်းလဲအသုံးပြုရန် စီစဉ်ထားသည့်နေရာများမှာ ဟုန်ဆန်းအားကစားရုံ၊ ဝူဟန် အပြည်ပြည်ဆိုင်ရာကွန်ဖရင့်နှင့် ပြပွဲစင်တာနှင့် “ဝူဟန့်ဧည့်ခန်း” ဟုလူသိများသော ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ ဖြစ်ကြောင်း ဌာနချုပ်၏ အဆိုအရ သိရသည်။ (Xinhua)