တီဟီရန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးတစ်ခုအတွက် အီရန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား လတ်တလောဆွေးနွေးညှိနှိုင်းနေကြောင်း နှင့် အီရန်နိုင်ငံအနေဖြင့် အကျဉ်းသားအားလုံး အပြန်အလှန် လဲလှယ်မှုအတွက် အသင့်ရှိကြောင်း အီရန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၃ ရက်တွင် အတည်ပြုခဲ့သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
ဟို့စ်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်း တက္ကဆက်ပြည်နယ်ရှိ ဖက်ဒရယ် ကျန်းမာရေးအကျဉ်းထောင်တစ်ခုတွင် COVID-19 အတည်ပြုလူနာအရေအတွက်သည် ဇူလိုင် ၂၁ ရက်တွင် ၅၁၀ ဦးအထိ ရှိလာခဲ့ကြောင်း အကျဉ်းထောင်များဗျူရိုက ပြောကြားခဲ့သည်။
စစ်ကိုင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်/အကျဉ်းစခန်း ၁၁ ခုတွင် အကျဉ်းကျနေသော အကျဉ်းသူ/အကျဉ်းသား ၂၅၀၀ကျော် ယနေ့ နိုငျငံတောျ သမ်မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား /သူ ၂၄,၀၀၀ကျော်အား ယနေ့ ဧပြီ ၁၇ ရက်၌ နိုင်ငံတော် သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကိုလံဘို ၊ မေ၁၉ ရက်(ဆင်ဟွာ) ကဆုန်လပြည့် ဗုဒ္ဓနေ့(မေ ၁၈ ရက်) တွင် သီရိလင်္ကာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၅ဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်စခန်း ၁၁ခုမှ အကျဉ်းသား ၁၂၀၀ကျော် ယနေ့ ဧပြီ ၁၇ ရက်၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဉ်းသား/သူ ၉၅၀၀ကျော်ကို ယနေ့ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကိုကြိုဆိုသောအားဖြင့် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦး နှင့် နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတ မှ ယနေ့နေ့စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်လိုက်သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတစ်ဝန်း တော်ဝင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် မြောက်မြားစွာသော အကျဉ်းသားများအတွက် ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဋ္ဌာနက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနှံ့အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/သူ စုစုပေါင်း ၆,၉၆၆ ဦးကို နိုင်ငံတော် သမ္မတက ယနေ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့်ထဲတွင် ပြစ်ဒဏ်ကျခံနေရသည့် တရုတ်နိုင်ငံသား သစ်ခုတ်သမား ၁၅၅ ဦးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။