Connect with us

WORLD

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အကျဉ်းထောင်တစ်ခု၌ ထောင်သား ၅၀၀ ကျော်တွင် COVID-19 ရောဂါကူးစက်ခံထားရ  

အမေရိကန်နိုင်ငံ Fort Worth မြို့ရှိ Federal Medical Center-Carswell အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

 

ဟို့စ်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

‌အမေရိကန်နိုင်ငံ တောင်ပိုင်း တက္ကဆက်ပြည်နယ်ရှိ ဖက်ဒရယ် ကျန်းမာရေးအကျဉ်းထောင်တစ်ခုတွင် COVID-19 အတည်ပြုလူနာအရေအတွက်သည် ဇူလိုင် ၂၁ ရက်တွင် ၅၁၀ ဦးအထိ ရှိလာခဲ့ကြောင်း အကျဉ်းထောင်များဗျူရိုက ပြောကြားခဲ့သည်။ 

တက္ကဆက်ပြည်နယ်အတွင်း ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်သော Fort Worth ရှိ Federal Medical Center-Carswell အကျဉ်းထောင်တွင် အကျဉ်းသား အမျိုးသမီး ၅၀၀ ကျော်ထံမှ နိုဗယ် ကိုရိုနာဗိုင်းရပ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဗျူရိုက ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်သုံးပတ်အကြာက အဆိုပါ အကျဉ်းထောင်တွင် COVID-19 ဖြစ်ပွားသူ သုံးဦးသာရှိခဲ့ကြောင်း၊ ဗိုင်းရပ်စ်နှင့် ဆက်စပ်၍ ဧပြီလတွင် တစ်ဦး နှင့် ဇူလိုင် ၁၂ ရက်တွင် ဒုတိယတစ်ဦးရှိခဲ့ကြောင်း အသီးသီးသေဆုံးခဲ့ကြောင်း သိရသည်။ 

အဆိုပါ အကျဉ်းထောင်သည် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူ အမျိုးသမီးအကျဉ်းသားများကို ထားရှိသောအကျဉ်းထောင်ဖြစ်ပြီး လက်ရှိတွင် အကျဉ်းသား ၁,၃၅၇ ဦးရှိကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြထားသည်။  (Xinhua)