ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အိုင်အက်စ်အဖွဲ့ဝင်နှင့် သစ္စာခံ ၂၄၁ ဦးသည် အစိုးရထံ လက်နက်ချခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်၌ စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ကန်ဒါဟာ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်မြို့တော် ကန်ဒါဟာတွင် စက်တင်ဘာလ ၂၈ ရက်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အရပ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွမ်ပီယို (Mike Pompeo) က စက်တင်ဘာ ၁၉ ရက် ၌ အမေရိကန် နိုင်ငံ အနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံ အား ကူညီထောက်ပံ့မည့် အမေရိကန်...
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အများပြည်သူ စည်ကားရာနေရာတစ်ခု နှင့် ပါဝမ်ပြည်နယ်( Parwan) ၌ ပြုလုပ်သော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတစ်ခုတွင် ဖြစ်ပွားခဲ့သော အရပ်သားပြည်သူအများအပြားသေဆုံးခဲ့ရသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်တင်ဘာ ၁၇ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။
ဖိုင်ဇာဘတ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘာဒတ်ခ်ရှန်ပြည်နယ်၌ အာဖဂန်စစ်တပ်ထံ တာလီဘန်စစ်သွေးကြွ ၂၄ ဦး လာရောက်လက်နက်ချခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ဦးက စက်တင်ဘာလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Kunduz မြို့တွင် သြဂုတ် ၃၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် သတင်းထောက် ၁ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယင်းနေ့တွင်ပြောကြားခဲ့သည်။
ကဘူးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်စစ်သား ၂ ဦး ကျဆုံးခဲ့ကြောင်း နေတိုး (NATO) ဦးဆောင်သည့် Resolute Support (RS) က သြဂုတ်လ ၂၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
ကဘူးလ်၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ မင်္ဂလာပွဲအခမ်းအနားတစ်ခုတွင် ယခုလ ၁၇ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၈၀ အထိ တိုးမြင့်လာပြီဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimiက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ယနေ့(ဇူလိုင် ၃၁ ရက်)၌ ခရီးသည်ယာဉ် မတော်တဆမှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။(Xinhua)
Aybak ၊ အာဖဂန်နစ္စတန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဆမ်မန်ဂန်ပြည်နယ်တွင် ဧပြီလ ၂၁ ရက်က ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် အလုပ်သမား ၈ ဦးခန့် အသက်ရှူကြပ်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူက ဧပြီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။