Connect with us

Africa & Middle East

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်မှုနေရာတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွား ၊ လူ ၃၀ သေဆုံး

အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်တွင် ဖေဖော်ဝါရီ ၁၀ ရက်က ဖြစ်ပွားခဲ့သော ကားဗုံးခွဲတိုက်ခိုက်မှု အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkhပြည်နယ် Dawlatabad ဒေသရှိ ဘာသာရေအဆောက်အဦတစ်ခု၌ ဖေဖော်ဝါရီ ၁၃ ရက်တွင် တာလီဘန်လက်နက်ကိုင်အဖွဲ့ က ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လက်နက်ကိုင်အဖွဲ့ဝင် (၃၀ဦး) သေဆုံးခဲ့ကြောင်း ယင်းပြည်နယ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Rezaiက အချင်းဖြစ်ပွားသည့်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Dawlatabad ဒေသရှိ ယင်းဘာသာရေးအဆောက်အဦသည် တာလီဘန်လက်နက်ကိုင်များ၏ လေ့ကျင့်ရေးစခန်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့် လမ်းဘေးဗုံးများထုတ်လုပ်ရန် လေ့ကျင့်ကြကြောင်း Rezaiကဆိုသည်။ ထိုနေ့ နံနက်ပိုင်းတွင် လက်နက်ကိုင်များလေ့ကျင့်နေစဉ် မတော်တဆ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ (၃၀) ဦး သေဆုံးခဲ့ကြောင်း၊ ၎င်းတို့အနက် ပြည်ပလက်နက်ကိုင် (၆)ဦး ပါဝင်ကြောင်း သိရသည်။

အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်တွင် ဖေဖော်ဝါရီ ၁၀ ရက်က ဖြစ်ပွားခဲ့သော ကားဗုံးခွဲတိုက်ခိုက်မှု အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

တာလီဘန်လက်နက်ကိုင်းများသည် Balkhပြည်နယ်ရှိဒေသအချို့တွင် သွားလာလှုပ်ရှားမှုများကြောင်း သိရသည်။ စစ်တပ်မှ ထုတ်ပြန်သည့် အဆိုပါသတင်းအပေါ် လက်ရှိ တာလီဘန်တို့ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုမှုမရှိသေးကြောင်း သိရသည်။(Xinhua)

——————————
Chinese Version)
(国际)阿富汗塔利班一爆炸物制造地发生爆炸致30人死亡
2021-02-13 20:07:24
  新华社喀布尔2月13日电(记者史先涛 陈鑫)阿富汗北部巴尔赫省军方发言人礼萨伊13日发表书面声明说,一伙塔利班武装人员当天在该省道拉塔巴德地区一个宗教场所中制造爆炸装置时发生爆炸事故,造成30名武装人员死亡。
 礼萨伊说,这个位于道拉塔巴德地区的宗教场所被塔利班武装用作培训地,练习制造爆炸装置和路边炸弹。当天上午,武装人员在练习中不慎引爆一枚炸弹,造成30人死亡,其中包括6名外籍武装人员。
  塔利班武装在巴尔赫省部分地区活动频繁。目前塔利班方面尚未对军方发布的这一消息做出回应。(完)
图说1-2: 2月10日,安全人员在阿富汗首都喀布尔的汽车炸弹袭击现场检查。