Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ် နယ်စပ်ဂိတ်တစ်ခုတွင် ဆီတင်ကား ဒါဇင်နှင့်ချီ မီးလောင်မှုဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် အီရန်နှင့်ထိစပ်နေသည့် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က လောင်စာဆီတင်ကား ဒါဇင်နှင့်ချီ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Tolo သတင်းရုပ်သံ၏ ဖေဖော်ဝါရီ ၁၄ ရက် သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားချိန် ညတွင်းချင်းမှာပင် မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်ပေါက်ကွဲမှုကြောင်း ဒဏ်ရာရသူ အနည်းဆုံး ၂၀ ဦး ရှိပြီး လောင်စာဆီတင်ကား၊ကုန်တင်ကားများအပါအဝင် ကားအစီးရေ (၁,၀၀၀)ကျော် ပျက်စီးသွားခဲ့ကြောင်း သတင်းများအရ သိရသည်။ အချင်းဖြစ်ပွားမှုကြောင့် တိုက်ရိုက်ဆုံးရှုံးနစ်နာမှုသည် အမေရိကန် ဒေါ်လာ သန်း(၅၀) ကျော် ရှိနိုင်ကြောင်း ဒေသခံအရာရှိတစ်ဦးက ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒေသခံအစိုးရက မီးငြှိမ်းသတ်ရန် ကယ်ဆယ်ရေးသမားများနှင့်အတူပစ္စည်းများကို အရေးပေါ်စေလွှတ် ပို့ဆောင်ခဲ့ကြောင်း၊ အာဖဂန်၏ အကူအညီတောင်းခံမှုကြောင့် အီရန်က ကယ်ဆယ်ရေးအင်အားစုများကို စေလွှတ်၍ မီးငြှိမ်းသတ်ရာတွင် ပါဝင်စေခဲ့ကြောင်း ဟီရတ်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ လက်ရှိတွင် အချင်းဖြစ်ပွားမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

အစ္စလာမ်မာဗတ်နယ်စပ်ဂိတ်သည် အာဖဂန်၏အဓိက နယ်စပ်ဂိတ်များအနက် တစ်ခုဖြစ်သည်။ အာဖဂန်နှင့် အီရန်၏ ကုန်သွယ်ရေး ပစ္စည်း အများစုကို ယင်းနယ်စပ်ဂိတ်မှ သယ်ယူပို့ဆောင်လေ့ရှိရာ နေ့စဉ် ထရပ်ကားအစီးရေပေါင်းများစွာ နှစ်နိုင်ငံအကြားပြေးဆွဲလေ့ရှိကြောင်း သိရသည်။(Xinhua)
——————————
(Chinese Version)
(国际)阿富汗赫拉特省一座口岸数十辆油罐车起火 导致数十人受伤
2021-02-14 18:19:15
新华社喀布尔2月14日电(记者史先涛 陈鑫)据阿富汗黎明电视台14日报道,13日在阿西部赫拉特省与伊朗接壤的伊斯兰堡口岸,数十辆油罐车起火并发生爆炸。
  报道说,大火已于13日夜间被扑灭,至少有20人在此次事故中受伤,1000多辆包括油罐车和货运卡车在内的车辆不同程度受损。当地官员表示,初步估计,这起事故造成的直接经济损失超过5000万美元。
  赫拉特省政府发言人法尔哈德在接受新华社记者电话采访时说,爆炸和大火发生后,当地政府紧急调派救援人员和设备进行灭火。在阿富汗方面的请求下,伊朗也派出救援力量参与灭火。目前事故原因仍在调查中。
伊斯兰堡口岸是阿富汗主要口岸之一。阿富汗与伊朗的大部分贸易物资都经由这一口岸进出,每天有大量卡车往来于两国之间。(完)
图说1: 2月14日,安全人员在阿富汗赫拉特省伊斯兰堡口岸火灾事故现场工作。