နေပြည်တော်၊ ဧပြီ ၁ ရက်(ဆင်ဟွာ) နေပြည်တော်တွင် COVID-19 ရောဂါ စောင့်ကြည့်ခံရသူ ဦးရေ တစ်သောင်းခွဲကို တစ်ပြိုင်နက်တည်း Quarantine လုပ်နိုင်ရန်အတွက် နေရာ ထိုင်ခင်း စားဝတ်နေရေး အားလုံးကို တပ်မတော်က ပြင်ဆင် ထားရှိပြီးဖြစ်သည်ဟု နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ဧပြီ ၁...
ဟန်ကျိုး၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 တုန့်ပြန်ရေးတွင် လတ်တလောနှင့် ကာလရှည်အတွက် ပြင်ပမှဝင်ရောက်လာသော ရောဂါဖြစ်ပွားမှုကာကွယ်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၁ ရက်တွင် ပြောကြားလိုက်သည်။
မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အဓိက ကုသရေးဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။
ဟနွိုင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ဗီယက်နမ် နိုင်ငံ၌ COVID-19 ရောဂါ လူနာ နှစ်ဦး ထပ်မံ သက်သာပျောက်ကင်းသွားခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင် ကြေညာခဲ့ပြီး စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၆၀ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဧပြီ ၁ ရက်တွင် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့်...
ရောမ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အီတလီတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေသည် တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း ၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့် သတိလက်လွတ်မနေကြရန် အီတလီ အဆင့်မြင့် ကျန်းမာရေး သုတေသနဌာနအကြီးအကဲ Silvio Brusaferroက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို(Joko Widodo)က နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအနေဖြင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်အား မတ် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ မတ် ၃၁ ရက် အစောပိုင်းထိ COVID-19 ရောဂါဖြင့်သေဆုံးသူ အရေအတွက်မှာ ၄ ထောင်ကျော်ထိရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရသိရသည်။
ဖနွမ်းပင် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 လူနာ နှစ်ဦးထပ်မံ သက်သာပျောက်ကင်းသွားသဖြင့် လက်ရှိတွင် နိုင်ငံအတွင်း ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း၂၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၁ သိန်း ၈ သောင်းကျော်ရှိပြီဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ မတ် ၃၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။