Connect with us

WORLD

COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေ တည်ငြိမ်သည့်ကာလသို့ ရောက်ရှိလာပြီဟု အီတလီ ကျန်းမာရေးပညာရှင် ဆို

အီတလီနိုင်ငံ၏မြို့ပြမြင်ကွင်းအချို့အား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောမ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အီတလီတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေသည် တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း ၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့် သတိလက်လွတ်မနေကြရန် အီတလီ အဆင့်မြင့် ကျန်းမာရေး သုတေသနဌာနအကြီးအကဲ Silvio Brusaferroက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ 

“အခုကတော့ တည်ငြိမ်တဲ့ကာလကို ရောက်ရှိနေပါပြီ။ ဒါကလည်း ကျွန်တော်တို့ရဲ့ ရောဂါထိန်းချုပ်မှုနဲ့သီးခြားခွဲထားမှုက ထိရောက်လာတယ်ဆိုတာကို ဖော်ပြတာပါ”ဟု Silvio Brusaferroက မီဒီယာများကို ပြောကြားခဲ့သည်။

 အီတလီနိုင်ငံ၏မြို့ပြမြင်ကွင်းအချို့အား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အီတလီနိုင်ငံ၏မြို့ပြမြင်ကွင်းအချို့အား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အီတလီနိုင်ငံ၏မြို့ပြမြင်ကွင်းအချို့အား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အီတလီနိုင်ငံ၏မြို့ပြမြင်ကွင်းအချို့အား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အီတလီနိုင်ငံ၏မြို့ပြမြင်ကွင်းအချို့အား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အီတလီနိုင်ငံ၏မြို့ပြမြင်ကွင်းအချို့အား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သို့သော်လည်း တည်ငြိမ်ကာလဆိုသည်မှာ ရောဂါဖြစ်ပွားမှုအမြင့်ဆုံးအချိန်ကို ကျော်ဖြတ်နိုင်ပြီဟုဆိုလိုခြင်းမဟုတ်သလို တိုက်ပွဲပြီးဆုံးပြီဟု ဆိုလိုခြင်းမဟုတ်ကြောင်း ၊ တည်ငြိမ်ကာလတွင် ရောဂါဖြစ်ပွားမှုကျဆင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မတ် ၃၁ ရက် ဒေသစံတော်ချိန် ၁၈:၀၀ နာရီအချိန်ထိ  အီတလီတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၁၀၅,၇၉၂ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၁၂,၄၂၈ ဦး၊ ကုသပျောက်ကင်းသွားသူ ၁၅,၇၂၉ ဦး ရှိကြောင်း အီတလီ မြို့ပြကာကွယ်ရေးဌာန၊ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အထူးအဖွဲ့ဝင် ဘောလ်လေက ယင်းနေ့ ညပိုင်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် အတည်ပြုလူနာများအနက် ၂၈,၁၉၂ ဦးသည် သာမန်ကုသမှုခံယူနေဖြစ်ပြီး ၄,၀၂၃ ဦး သည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေကြောင်းနှင့် အခြား ၄၅,၄၂၀ဦးသည် အိမ်တွင် သီးခြားနေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အီတလီ စက်မှုလုပ်ငန်းအဖွဲ့ချုပ်၏ မတ် ၃၁ ရက်တွင် ထုတ်ပြန်သည့်အစီရင်ခံစာများအရ ယခုကပ်ရောဂါကြောင့်  စီးပွားရေးကို အကြီးအကျယ်သက်ရောက်မှုရှိရာ ထုတ်လုပ်မှုလုပ်ငန်းများကို ဇွန်လတွင် အားလုံးပြန်လည်လည်ပတ်နိုင်သည့်တိုင်အောင် ယခုနှစ် ဒုတိယကာလ၏ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး (GDP)သည် ပြီးခဲ့သောနှစ် ကာလတူထက် ၁၀ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ကြောင်း သိရသည်။

ကပ်ရောဂါ ပျံ့နှံမှု ကို ထပ်ဆင့်တိုး ကာကွယ်ရန် အီတလီသည် မတ် ၁၀ ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ မြို့များ ပိတ်ထားခဲ့ပြီး မတ် ၁၂ ရက်မှစ၍ တစ်နိုင်ငံလုံး စားသောက်ကုန်နှင့်ဆေးဝါးဆိုင်များမှအပ ကျန်ဆိုင်ခန်းများကို ပိတ်ထားခဲ့ကြောင်းနှင့် မတ် ၂၁ ရက်မှစ၍ အများပြည်သူ အခြေခံစားဝတ်နေရေး ဝန်ဆောင်မှုများဖြစ်သည့် ဘတ်စ်ကား ၊ ကုန်စည်စီးဆင်းမှု၊ စာတိုက်၊ ဘဏ်နှင့် စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းများကို ပုံမှန်လည်ပတ်သည့်မှအပ ကျန်ဥယျာဉ်ပန်းခြံနှင့်အခြားအများသွားလာသည့်နေရာအားလုံးကို ပိတ်ထားခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.