ဂျီနီဗာ၊ မတ် ၄ ရက်(ဆင်ဟွာ) မတ် ၃ ရက် ဗဟို ဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီ အထိ နိုင်ငံအသီးသီးမှပေးပို့သည့် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ ပြင်ပ ကမ္ဘာ့အခြားနေရာဒေသများ၌ COVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက်မှာ ၁၀,၅၆၆ ဦး ရှိသွားပြီဖြစ်ကြောင်း...
ဆန်တီရာဂို၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ထိန်းချုပ်ရေးအတွေ့အကြုံအား လေ့လာရန် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့တစ်ဖွဲ့ကို ချီလီနိုင်ငံမှ စေလွှတ်ခဲ့ကြောင်း ထိပ်တန်း အရာရှိတစ်ဦးက မတ် ၂ ရက်တွင် ပြောကြားလိုက်သည်။
ချုံချင့်၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်ရှိ အဆောက်အအုံများအတွင်း စေတနာ့ဝန်ထမ်း ၁,၂၁၆ ဦးသည် COVID-19 ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအတွက် ကူညီလုပ်ဆောင်နေကြသည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ကမ္ဘာကြီးအား နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်သွားသင့်ကြောင်းနှင့် စီးပွားရေးတိုးတက်မှု တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် ကူညီသွားသင့်ကြောင်း ပြောကြားလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့မှ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၅ နာရီ ၅၅ မိနစ် တွင် ဆိုက်ရောက်လာသည့် လေယာဉ်ခရီးစဉ်အမှတ် 8M 802 ဖြင့် လိုက်ပါစီးနင်းလာခဲ့သည့် ခရီးသည် ၇ ဦးကို COVID-19...
တိုကျို၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဖေဖော်ဝါရီ ၂၈ ရက်က သဘောတူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် နေ့စဉ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုသပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူအသစ် အရေအတွက်မှာ ရောဂါကူးစက်မှုအသစ် ဖြစ်ပွားသူအရေအတွက်ထက် ၁၀ ရက်ဆက်တိုက်ပိုများလာခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်နေသော တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ ဒယ်ဂူးမြို့အား အားပေးကူညီသည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်း ၂၅,၀၀၀ ခန့် ဖေဖော်ဝါရီ ၂၇ ရက်က ပေးလှူခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှ အသက် ၂၄ နှစ်အရွယ် လျူဟု အမည်ရှိသော စေတနာ့ဝန်ထမ်း မိန်းကလေးငယ်တစ်ဦးသည် ၎င်း၏အဖွဲ့နှင့်အတူ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါဖြစ်ပွားနေသည့် ဝူဟန့်၌ ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အစားအသောက်များ အခမဲ့ ချက်ပြုတ်ကာ...
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း (Zhao Lijian) က တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အပေါ် အမေရိကန် နိုင်ငံ နိုင်ငံခြားရေး...