Connect with us

INTERNATIONAL ORGANIZATION

တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁ သောင်းကျော်ရှိပြီဟု WHO ဆို 

WHO ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မတ် ၂ ရက်က ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၄ ရက်(ဆင်ဟွာ) 

မတ် ၃ ရက် ဗဟို ဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီ အထိ နိုင်ငံအသီးသီးမှပေးပို့သည့် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ ပြင်ပ ကမ္ဘာ့အခြားနေရာဒေသများ၌ COVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက်မှာ ၁၀,၅၆၆ ဦး ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောကြားခဲ့သည်။

WHO အနေဖြင့်  နေ့စဉ်ကမ္ဘာ့နိုင်ငံအသီးသီးမှ ပေးပို့လာသော ရောဂါဖြစ်ပွားသူအရေအတွက် ကိန်းဂဏန်းများကို စုစည်းထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

 ထိုမတိုင်မီ မတ် ၂ ရက် ဗဟို ဥရောပ စံတော်ချိန်(CET)  နံနက် ၁၀ နာရီအထိ ရရှိသော ကိန်းဂဏန်း များအရ တရုတ်နိုင်ငံပြင်ပ ကမ္ဘာနိုင်ငံ အခြားဒေသများ၏ အတည်ပြုလူနာအရေအတွက်သည် ၈,၇၇၄ ဦး ရှိပြီး မတ် ၃ ရက် တွင် အသစ်ထပ်တိုးလူနာ ၁,၇၉၂ ဦး ရှိရာ ပထမဆုံး ရောဂါ ဖြစ်ပွားသူ လူနာ အရေအတွက် ၁ သောင်းကျော် ရောက်ရှိသွားခြင်းဖြစ်ကြောင်း၊  သေဆုံးသူ အရေအတွက်မှာ လည်း ၁၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ 

WHOက သက်ဆိုင်ရာ ကိန်းဂဏန်းများကို နေ့စဉ် ဂျီနီဗာ ဒေသစံတော်ချိန်ညပိုင်းတွင် ထုတ်ပြန် လျက်ရှိပြီး ရရှိသော ကိန်းဂဏန်းများသည် နိုင်ငံအသီးသီးမှပေးပို့ခြင်းဖြစ်ရာ အချို့နိုင်ငံများ၏ မီဒီယာများတွင် ဖော်ပြထားသည့် အရေအတွက်ကိန်းဂဏန်းများနှင့်နှိုင်းယှဉ်လျှင် အနည်းငယ် ကွဲပြားနိုင်ကြောင်း သိရသည်။ မတ် ၃ ရက် ထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာ တွေ့ရှိသော နိုင်ငံပေါင်း ၇၂ နိုင်ငံ ရှိကြောင်း သိရသည်။  (Xinhua)