Connect with us

News

တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေး အတွေ့အကြုံများ လေ့လာရန် ချီလီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ စေလွှတ်

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဝူဟန့်ကလေးဆေးရုံတွင် သူနာပြုများ ဦးဆောင်ကာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော ကလေးငယ်များအား ကာယလေ့ကျင့်ခန်း ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဆန်တီရာဂို၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ထိန်းချုပ်ရေးအတွေ့အကြုံအား လေ့လာရန် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့တစ်ဖွဲ့ကို ချီလီနိုင်ငံမှ စေလွှတ်ခဲ့ကြောင်း ထိပ်တန်း အရာရှိတစ်ဦးက မတ် ၂ ရက်တွင် ပြောကြားလိုက်သည်။

“တရုတ်နိုင်ငံမှာ ရောဂါတိုက်ဖျက်ရေးအတွက် ဘယ်လိုလုပ်ဆောင်တယ်၊ လူထုကို ပညာပေးတွေ ဘယ်လိုလုပ်တယ် ဆိုတာတွေကို (ကျန်းမာရေး) ပညာရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က သွားရောက်လေ့လာမှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံအတွက် အကျိုးကျေးဇူးအများကြီး ရရှိမယ် အစီအစဉ်ကို ချီလီ သမ္မတ Sebastian Pinera က အဆိုပြုထားခဲ့တာပါ” ဟု ချီလီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Xu Bu နှင့် တွေ့ဆုံပြီးနောက် ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီး က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ အခြေအနေက အရမ်းကိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံဟာ ပြည်သူ့ကျန်းမာရေး၊ လူထု အသိပညာပေးနဲ့ ထိတွေ့ဆက်ဆံမှုတွေ၊ ထိန်းချုပ်တာတွေကို အဓိက လုပ်ဆောင်နေတယ်” ဟု ၎င်းက ပြောခဲ့သည်။ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီး၏ အဆိုအရ တရုတ်နိုင်ငံသို့ စေလွှတ်မည့် ချီလီကိုယ်စားလှယ်အဖွဲ့တွင် ဆရာဝန်နှစ်ဦး၊ သူနာပြုတစ်ဦးနှင့် စာရင်းအင်းပညာရှင်တစ်ဦးတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ချီလီနိုင်ငံတွင် COVID-19 ဖြစ်ပွားသည်ဟု အတည်ပြုချက်မရှိသေးကြောင်း၊ လက်ရှိတွင် အစိုးရအနေဖြင့် ရောဂါ ကာကွယ်ရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ထားပြီး ကာကွယ်ရေး လုပ်ထုံးလုပ်နည်းများစွာ ဆောင်ရွက်ထားကြောင်း သိရသည်။  (Xinhua)