ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပုဂ္ဂလိကနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများသည် ယနေ့(အောက်တိုဘာ ၂ ရက်) ၌ ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့သည် အနီးကပ်လက်ထောက်တစ်ဦးထံတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ၎င်းတို့တွင်လည်း COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၂ ရက် နံနက်အစောပိုင်း၌ သမ္မတ ထရမ့်က ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း၅,၃၅၂အား စစ်ဆေးခဲ့ရာ အတည်ပြု လူနာသစ် အများဆုံးအဖြစ် ၁,၀၁၀ ဦး စံချိန်တင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့(အောက်တိုဘာ ၁ရက်) ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါလက္ခဏာပြသူ ၃၅ ရာခိုင်နှုန်းတွင် အနံ့မရခြင်းသည် အများဆုံး ဖြစ်နေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ...
မနီလာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသူအရေအတွက်သည် ယနေ့ အောက်တိုဘာ ၁ ရက်တွင် ရောဂါဖြစ်ပွားသူအသစ် ၂,၄၁၅ ဦးရှိခဲ့ခြင်းကြောင့် စုစုပေါင်း ရောဂါဖြစ်ပွားသူ ၃၁၄,၀၇၉ အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန (DOH) က သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်ဆေးသည် ဥရောပ နှင့် အမေရိကန် နိုင်ငံ တို့၏ ကာကွယ်ဆေးထက် ဈေးနှုန်းပိုမိုမြင့်မားသည် ဟူ၍ ရေးသားဖော်ပြမှုများသည် မည်သည့် အထောက်အထား မှမရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ကာကွယ်ဆေးအား ကမ္ဘာ့အများပြည်သူ့...
ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း ၁,၇၀၀ ကျော်သည် COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရပြီး သေဆုံးသူအများစုမှာ တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံ (PPE) လုံလောက်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံ၏ အကြီးဆုံး သူနာပြုသမဂ္ဂဖြစ်သည့် အမျိုးသား သူနာပြုများယူနိုက်တက်၏ အစီရင်ခံစာအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ယခုအချိန်ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေး (WHO Prequalified Vaccine) မရှိသေးကြောင်း ၊ ပြည်သူများအနေဖြင့် လူမှုကွန်ရက်များ၊ အင်တာနက်စာမျက်နှာများနှင့် online ဈေးကွက်များတွင် ကြေညာနေသော COVID-19...
ကုလသမဂ္ဂ ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ကပ်ရောဂါအဆုံးသတ်ရေးအတွက် ကာကွယ်ဆေးရရှိရန်မှာကမ္ဘာကြီး၏ အမြင့်ဆုံး မျှော်လင့်ချက်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ ကင်းစင်ရေးရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရန်အတွက ကြိုးပမ်းမှုအရှိန်အဟုန်ကို မြှင့်တင်သွားရမည်ဖြစ်ကြောင်းဘီလ်ဂိတ်ကစက်တင်ဘာ ၃၀ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေးနှင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP)ကိုအကောင်အထည်ဖော်ပြီးစီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုများလျော့နည်းစေရန် တစ်ပြိုင်တည်းဆောင်ရွက်လျက် ရှိကြောင်းမြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။