Connect with us

COVID-19 UPDATES

COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် အများဆုံးအဖြစ် ၁,၀၁၀ ဦး စံချိန်တင် တွေ့ရှိ

COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

COVID-19  ဓာတ်ခွဲစစ်ဆေးမှုများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း၅,၃၅၂အား စစ်ဆေးခဲ့ရာ အတည်ပြု လူနာသစ် အများဆုံးအဖြစ် ၁,၀၁၀ ဦး စံချိန်တင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့(အောက်တိုဘာ ၁ရက်) ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

ယနေ့ ညပိုင်း၌သေဆုံးလူနာ ၁၁ ဦးထပ်မံရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၃၂၁ ဦးထိရှိလာကြောင်း သိရသည်။ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆေးခွင့်ရရှိသူ ၄၀၁ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄,၁၅၇ဦး ရှိလာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အောက်တိုဘာ ၁ရက်  ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄,၃၈၃ ဦးရှိလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများအား မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန် နှင့် မဖြစ်မနေ ထွက်ရမည် ဆိုပါက ပါးစပ် နှင့် နှာခေါင်းစည်း တပ်ရန် ၊ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်သော ပိုးတွေ့လူနာများမှာ ရောဂါလက္ခဏာ မပြသဖြင့် အကယ်၍ မိမိ၌ ရောဂါရှိပါက အခြားသူများကို ကူးစက်နိုင်ခြင်း မရှိစေရန် နှင့် အခြားသူများမှ မိမိအား မကူးစက်နိုင်စေရန် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန် ၊ ရှောင်ရန်များကို တိတိကျကျ လိုက်နာကြရန် အသိပေးပန်ကြားထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117