Connect with us

MYANMAR

WHO အသိအမှတ်ပြု COVID-19 ကာကွယ်ဆေး မရှိသေး ၊ online တွင် ကြေညာနေသော COVID-19 ကာကွယ်ဆေးများ ဝယ်ယူသုံးစွဲခြင်းမပြုရန် အသိပေး

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) 

 ယခုအချိန်ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေး (WHO Prequalified Vaccine) မရှိသေးကြောင်း ၊ ပြည်သူများအနေဖြင့် လူမှုကွန်ရက်များ၊ အင်တာနက်စာမျက်နှာများနှင့် online ဈေးကွက်များတွင် ကြေညာနေသော COVID-19 ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ အောက်တိုဘာ ၁ ရက်တွင် ပြည်သူများသို့ အသိပေးချက် ထုတ်ပြန်ခဲ့သည်။ 

 ယခုဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံအများအပြား ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ၊ သို့ရာတွင် ယခုအချိန်ထိ မည်သည့် နိုင်ငံ၊ မည်သည့် ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေး တစ်မျိုးမျိုးတွင်မျှ တတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှု (phase-3 clinical trial) ကို ပြီးမြောက်ခြင်းမရှိသေးကြောင်း ဝန်ကြီး၏ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ 

ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုနိုင်ရန်အတွက် ကာကွယ်ဆေး၏ သက်ဆိုင်ရာရောဂါကို ကာကွယ်နိုင်သော အာနိသင် ရှိ/ မရှိ၊ လုံလောက်သော ပဋိပစ္စည်း ထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိ/ မရှိ၊  ဘေးထွက်ဆိုးကျိုးမရှိဘဲ  ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှု ရှိ / မရှိ၊ ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊ ထိုးနှံ/ တိုက်ကျွေးရမည့် ကာကွယ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊ ဓါတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိ/ မရှိ စသည်တို့ကို သိရှိနိုင်ရန်နှင့် ပြီးပြည့်စုံရန်အတွက် ပထမဦးစွာ ဓာတ်ခွဲခန်းအတွင်းနှင့် တိရစ္ဆာန်များတွင် စမ်းသပ်ခြင်းအဆင့်များ၊ ထို့နောက် လူများတွင် စနစ်တကျလက်တွေ့စမ်းသပ် သုတေသန ပြုလုပ်သည့်အဆင့် (၃) ဆင့် (3 phases of clinical trial) နှင့် အသိအမှတ်ပြု လိုင်စင်ရရှိပြီး ဈေးကွက်တွင် ရောင်းချပြီးနောက်တွင်လည်း ဆက်လက်စောင့်ကြပ်ကြည့်ရှု လေ့လာခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူကာ စနစ်တကျ ဆောင်ရွက်ရကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.