ရန်ကုန် ၊ မေ ၁၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီပူးပေါင်းဆောင်ရွက်မှုများ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပြုလုပ်ပြီးနောက် ယနေ့ မေ ၁၂ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့်တရုတ်နိုင်ငံသို့...
ရှန်ဟိုင်း၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါကို ထိန်းသိမ်းနိုင်ပြီးနောက် ရှန်ဟိုင်း ဒစ္စနေလန်း (Disneyland) ပန်းဥယျာဉ်ကို အကန့်အသက်များဖြင့် မေ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ဂျီနီဗာ၊ မေ ၁၂ ရက်(ဆင်ဟွာ) ယခုကာလများတွင် နိုင်ငံအများစုက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို တစ်စတစ်စပြန်လည်ဖြေလျှော့မှုများပြုလုပ်လာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုင်ငံအသီးသီးအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်တစ်ကျော့ပြန်လည်ခေါင်းထောင်လာမည်ကို သတိမူကြရန် မေ ၁၁ ရက်က တိုက်တွန်းနှိုးဆော်ခဲ့သည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများပြားလာသည့်အတွက် နှာခေါင်းစည်းမတပ်ပါက အရေးယူမှုများ ဆောင်ရွက်သွားရန်စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ COVID-19 ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြန်ကြားရေးဒုတိယဥက္ကဋ္ဌနော်ပန်းသဉ္ဇာမျိုးက ဆိုသည်။
နေပြည်တော်၊ မေ ၁၁ ရက်(ဆင်ဟွာ) COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီနှင့် KNU (Karen National Union) အဖွဲ့တို့သည် online ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ မေ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ အီဂျစ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေ ၁၀ ရက်က အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတွင် ကျင်းပခဲ့သည်။
ဝါရှင်တန် ၊ မေ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်စ်(Mike Pence) ၏ သတင်းထုတ်ပြန်ရေးမှူးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဒုသမ္မတပန့်သည် မိမိကိုယ်ကို လူအများနှင့်ခပ်ခွာခွာ နေထိုင်ပြုမူလျက်ရှိကြောင်း အမေရိကန်မီဒီယာက မေ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂ ဦး ထပ်မံ တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ည ၈ နာရီ ထုတ်ပြန်ခဲ့ပြီးနောက် စုစုပေါင်း ရောဂါ ဓာတ်ခွဲ...
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ပရဟိတ အခမဲ့ဆေးခန်း(Community Base Fever Clinic)များတိုးချဲ့ဖွင့်လှစ်နေပြီး ဆေးရုံများ နှင့်ပါ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း Community Fever Clinic Network မှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ နေမင်းထက် က...
ဂျိုဟန်နက်စ်ဘာ့ဂ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်-တောင်အာဖရိက နှစ်နိုင်ငံ တပ်မတော်အကြား COVID-19ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွေ့အကြုံမျှဝေမှုနိုင်ငံတကာ ဆွေးနွေးဖလှယ်ပွဲအား ပြီးခဲ့သောရက်များက ကျင်းပခဲ့ရာ နှစ်နိုင်ငံတပ်မတော် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် လက်တွေ့ဆေးကုသရေး၊ ရောဂါစစ်ဆေးရေး၊ ကာကွယ်ထိန်းချုပ်ရေးစသည့် ကဏ္ဍများမှ ကျွမ်းကျင်းပညာရှင်များနှင့် တောင်အာဖရိကနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ဝန်ထမ်းများအပါအဝင် လူ...