Connect with us

CHINA

ရှန်ဟိုင်း ဒစ္စနေလန်းကို အကန့်အသတ်များဖြင့် ပြန်လည်ဖွင့်လှစ် 

မေ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်လိုက်သော ရှန်ဟိုင်း ဒစ္စနေလန်း အပန်းဖြေဥယျာဉ်နှင့် လာရောက်လည်ပတ်ကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါကို ထိန်းသိမ်းနိုင်ပြီးနောက် ရှန်ဟိုင်း ဒစ္စနေလန်း (Disneyland) ပန်းဥယျာဉ်ကို အကန့်အသက်များဖြင့် မေ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဒစ္စနေလန်းသည် COVID-19 ကပ်ရောဂါဖြစ်ပွားကတည်းက ပြန်လည်ဖွင့်လှစ်ခဲ့သည့် ကမ္ဘာပေါ်ရှိ ပထမဆုံး ဒစ္စနေလန်း အပန်းဖြေဥယျာဉ်လည်း ဖြစ်သည်။COVID-19 ဖြစ်ပွားမှုကို ကာကွယ်ရန် ဇန်နဝါရီလကုန်ပိုင်းက ယာယီပိတ်သိမ်းကြောင်း ဒစ္စနေလန်း အပန်းဖြေအိမ်ရာက ကြေညာခဲ့သည်။ မတ်လအစောပိုင်းတွင် Disneytown, Wishing Star Park နှင့် Shanghai Disneyland Hotel တို့ကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မေ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်လိုက်သော ရှန်ဟိုင်း ဒစ္စနေလန်း အပန်းဖြေဥယျာဉ်နှင့် လာရောက်လည်ပတ်ကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း ဒစ္စနေလန်းကို သုံးလကျော်ကြာရပ်နားခဲ့ပြီးနောက် ကိုယ်အပူချိန်နှင့် QR ကုဒ်စစ်ဆေးမှုများကဲ့သို့ ကပ်ရောဂါ ထိန်းချုပ်မှုဆောက်ရွက်ချက်များရှိနေသည့်ကြားမှ ခရီးသွားများက  လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။“ရှန်ဟိုင်း ဒစ္စနေလန်းကို လာလည်ဖို့ စိတ်ထက်သန်နေပါတယ်။ ပြီးတော့ ပန်းဥယျာဉ်ရဲ့ လိုအပ်ချက်တွေအတိုင်း တစ်ကိုယ်ရည်ကာကွယ်မှုတွေကိုလည်း ကောင်းကောင်းလုပ်ဆောင်ထားပါတယ်” ဟု အသက် ၆ နှစ်အရွယ် သမီးငယ်နှင့်အတူ ပန်ဥယျာဉ်အတွင်းသို့ ဝင်ရောက်ရန် မေ ၁၁ ရက် နံနက်အစောပိုင်းကတည်းက တန်းစီနေသူ ချိန်မော်ယန်းက ပြောခဲ့သည်။

မေ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်လိုက်သော ရှန်ဟိုင်း ဒစ္စနေလန်း အပန်းဖြေဥယျာဉ်နှင့် လာရောက်လည်ပတ်ကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း ဒစ္စနေလန်း အပန်းဖြေအိမ်ရာလုပ်ငန်းသည် ယာယီရပ်နားထားသည့် သုံးလအတွင်း ဝန်ထမ်းများအား လေ့ကျင့်ပေးခြင်း၊ စိတ်ဓာတ်ပိုင်းနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ထောက်ပံ့ပေးခြင်းနှင့် ပန်းဥယျာဉ်ပြန်လည်ဖွင့်လှစ်သည့်အခါ အပြည့်အဝပြင်ဆင်မှုများ ရရှိရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မေ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်လိုက်သော ရှန်ဟိုင်း ဒစ္စနေလန်း အပန်းဖြေဥယျာဉ်နှင့် လာရောက်လည်ပတ်ကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ကပ်ရောဂါပြီးနောက် ပြည်သူများအနေဖြင့် ပျော်ရွှင်မှုများ ပြန်လည်ရရှိရန် လိုအပ်ကြောင်းနှင့် ထိုအရာသည် ဒစ္စနေ၏ ခွန်အားတွင် ရှိကြောင်း ရှန်ဟိုင်း ဒစ္စနေလန်း အပန်းဖြေအိမ်ရာ၏ ဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ ဂျိုးစကော့ (Joe Schott) က ပြောကြားခဲ့သည်။

မေ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်လိုက်သော ရှန်ဟိုင်း ဒစ္စနေလန်း အပန်းဖြေဥယျာဉ်နှင့် လာရောက်လည်ပတ်ကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ရှန်ဟိုင်း ဒစ္စနေလန်းတွင် “Zootopia” ဇာတ်လမ်းတွင် ပါဝင်သောနေရာကိုလည်း ထည့်သွင်းသွားမည် ဖြစ်ပြီး ယင်းသည် ပန်းဥယျာဉ်၏ ရှစ်ခုမြောက် အပန်းဖြေနေရာဖြစ်လာမည်ဖြစ်သလို ကမ္ဘာတစ်ဝန်း ပထမဆုံး “Zootopia” အပန်းဖြေနေရာဖြစ်လာမည်ဖြစ်သည်။“လအနည်းငယ်အကြာမှာ “Zootopia” အပန်းဖြေနေရာအတွက် ကျွန်တော်တို့လည်း စိတ်လှုပ်ရှားနေပါတယ်” ဟု စကော့က ဆိုသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117