ဝူဟန့်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) G20 အဖွဲ့ဝင်နိုင်ငံ ကျန်းမာရေးဝန်ကြီးများ ဗွီဒီယိုအစည်းအဝေးကို ဧပြီ ၁၉ ရက် ညပိုင်းတွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်ဝန်ကြီး မာရှောင်ဝေက ဝူဟန့်မြို့မှနေ၍ ပါဝင်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗိုင်းရပ်စ်ဟူသည် နယ်စည်းထားခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အားအကောင်းဆုံးသော ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ကုသရေး ကမ္ဘာလုံးဆိုင်ရာကွန်ရက် တည်ဆောက်ရန် အားလုံးအတူတကွ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မတ် ၂၆ ရက်တွင် အလေးထားပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒမြှင့်တင်ရန်၊ ဈေးကွက်အခွင့်အလမ်း ချဲ့ထွင်ရန်၊ စီးပွားရေး ပတ်ဝန်းကျင် တိုးတက်ရန်နှင့် သွင်းကုန်များနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် တည်ငြိမ်သောကမ္ဘာ့စီးပွားရေး ဖြစ်လာစေရန် ပါဝင်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကို တိုက်ဖျက်ရသည့် အခက်ခဲဆုံး အခိုက်အတန့်၌ ကမ္ဘာ့အသိုင်းအဝိုင်း အဖွဲ့ဝင်များစွာထံမှ အထောက်အပံ့နှင့် ကူညီမှုများစွာ လက်ခံရရှိခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ယနေ့ မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က COVID-19 တိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယုံကြည်မှုခိုင်မာရန် အလွန်အရေးကြီးပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နှင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် ပြုမူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယနေ့ မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။
အိုဆာကာ၊ ဂျပန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်က Group of 20 (G20) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိုးတက်မှုအတွက် တွန်းအားရှာဖွေရန်၊ ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု တိုးတက်ရန်၊ တိုးတက်မှုအား တွန့်ဆုတ်စေမှုများအား ဖယ်ရှားရန်၊ မတူကွဲပြားမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် ဇွန်လ ၂၉...
ဝါရှင်တန် ၊ မေ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဇွန်လတွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း မေ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ဒီဇင်ဘာ ၁(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ၊ဗျူနိုအေးရိစ်မြို့တွင် ကျင်းပလျက်ရှိသော ဂျီ-၂၀ ကမ္ဘာ့နိုင်ငံကြီးများ၏ထိပ်သီးများ အစည်းအဝေး၌ ဂျီ-၂၀ ကမ္ဘာ့စီးပွားရေးအဓိကနိုင်ငံကြီးများ၏ ခေါင်းဆောင်များသည်လည်း၎င်းတို့အ ကြား သဘောတူညီမှုနှင့်ယုံကြည်မှုတို့ကိုတည်ဆောက်ရန်လိုသည်ဟု ကမ္ဘာ့နိုင်ငံများ၏မြင့်မားသော မျှော်လင့်ချက်များနှင့်အတူ စုဝေးရောက်ရှိနေကြသည်ဟုဆိုရပေမည်။
ဗျူနိုအေးရိစ်၊ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တက္ကသိုလ် မှ ကွန်ဖြူးရှပ်ဌာန၏တွဲဘက်ညွှန်ကြားရေးမှူးဖြစ်သူ ပက်ထရီစီယို ကိုနီဂျီရို က အာဂျင်တီးနားနိုင်ငံတွင်လွန်ခဲ့သည့်နှစ်များအတွင်းတရုတ်ဘာသာလေ့လာ မှုကအထူးသဖြင့် လူငယ်များအတွင်းတိုးတက်လာသည်ကိုတွေ့ရ၍ အထူးပင်ကြည်နူးဝမ်းမြောက် ရ ပါကြောင်း ပြောကြားသွားခဲ့သည်။
ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နိုဝင်ဘာ ၃၀ ရက် တွင် အာဂျင်တီးနား နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် ၁၃ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး...