Connect with us

International Organizations

၂၀၂၀ ပြည့်နှစ် G 20 ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ကောင်းမွန်သည့် ရလဒ်များ ရရှိ

ဆော်ဒီအာရေးဗျနိုင်ငံတွင် G20 ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေး ဗီဒီယိုလင့်မှတစ်ဆင့်ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဌာန သည် စက်တင်ဘာ ၂၂ ရက် တွင်ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် G 20 ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေး သို့ ဗီဒီယို လင့်ခ်မှ တစ်ဆင့် တက်ရောက်ခဲ့ပြီး “G 20 ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး ကြေညာချက်” ၊ “ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ ၏ အနာဂတ်ဆိုင်ရာ Riyadh ဖော်ဆောင်မှု” ၊ “အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ နိုင်ငံတကာ တွင် ယှဉ်ပြိုင်နိုင်မှု မြှင့်တင်ရေး မူဝါဒဆိုင်ရာ လမ်းညွှန်ချက်” ၊ “ကုန်သွယ်ရေး ဝန်ဆောင်မှု ၏ အကောင်းဆုံး လက်တွေ့ ဆောင်ရွက်မှု နှင့် အတွေ့အကြုံ အနှစ်ချုပ် အစီရင်ခံစာ” ၊ “အထူးစီးပွားရေးဇုန် အကောင်းဆုံး လက်တွေ့ ဆောင်ရွက်မှု နှင့် အတွေ့အကြုံ အနှစ်ချုပ် အစီရင်ခံစာ” ၊ “ရင်းနှီးမြှုပ်နှံမှု ပိုမို ဆွဲဆောင်နိုင်ရန် အတွက် နည်းပညာ ထောက်ပံ့မှု ပြုလုပ်ပေးမည့် ကြေညာချက်” စသည့် အောင်မြင်မှု သဘောထားကြေညာချက် ၅ ခု ရရှိနိုင်ခဲ့ကြောင်း နှင့်  G 20 ခေါင်းဆောင်များက Riyadh ထိပ်သီး အစည်းအဝေး အတွက် စီးပွားရေး နှင့် ကုန်သွယ်ရေး ဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး တက်ရောက်သည့် ဝန်ကြီးများ အနေဖြင့် G 20 ခေါင်းဆောင် များ ၏ COVID-19 ရင်ဆိုင်ဖြေရှင်းမှု ဆိုင်ရာ အထူး ထိပ်သီး အစည်းအဝေး တွင် ရရှိခဲ့သော သဘောတူညီချက် အား ဆက်လက်၍ နက်ရှိုင်းစွာ အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ ဈေးကွက် တံခါးဖွင့်မှု ကို ဆက်လက် ထိမ်းသိန်းသွားပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ကို ဆန့်ကျင်သွားရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးဆဲ နိုင်ငံ နှင့် ဖွံ့ဖြိုးမှုအနိုမ့်ဆုံး နိုင်ငံ များ အပေါ် ထောက်ခံပေးပြီး ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက် ကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် ၏ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံပေးပြီး လွတ်လပ်သော ၊ တရားမျှတသော ၊ သီးခံသော ၊ ခွဲခြားဆက်ဆံမှု မရှိသော ၊ ပွင်းလင်းမြင်သာသော ၊ ခန့်မှန်း၍ရသော ၊ တည်ငြိမ်သော ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ကို တည်ဆောက်ကာ နိုင်ငံတကာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပြန်လည်ကောင်းမွန်လာစေရန် အတွက် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ဝန်ကြီး ကျုံးဆန်း က အစည်းအဝေး ၌ ကပ်ရောဂါကြုံတွေ့နေရချိန် တွင် G 20 အဖွဲ့ဝင်များ အနေဖြင့် ပိုမို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာအောင် ဦးဆောင်သွားရမည် ဖြစ်ကြောင်း ၊ မိမိ တို့ အနေဖြင့် နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ကို အဆက်မပြတ် နက်ရှိုင်းလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို ခိုင်မြဲစွာ ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ အစည်းအဝေး တွင် ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပြည်တွင်းပြည်ပ အပြန်အလှန် တွန်းအားပေးမည့် ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်း ကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းက နိုင်ငံအသီးသီး အတွက် ကြီးမားသည့် ဈေးကွက် နှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ပိုမို ဖန်တီးပေးသွားနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.