Connect with us

CHINA

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး တည်ငြိမ်စေရန် ပါဝင်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပေကျင်းမြို့မှနေ၍ G20 ခေါင်းဆောင်များ အထူးအစည်းအဝေးကို အွန်လိုင်းဗီဒီယိုရုပ်သံမှတစ်ဆင့် ပါဝင်တက်ရောက်ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒမြှင့်တင်ရန်၊ ဈေးကွက်အခွင့်အလမ်း ချဲ့ထွင်ရန်၊ စီးပွားရေး ပတ်ဝန်းကျင် တိုးတက်ရန်နှင့် သွင်းကုန်များနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် တည်ငြိမ်သောကမ္ဘာ့စီးပွားရေး ဖြစ်လာစေရန် ပါဝင်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီသည် COVID-19 ဆိုင်ရာ G20 ခေါင်းဆောင်များ အထူးအစည်းအဝေးကို အွန်လိုင်း ဗီဒီယိုရုပ်သံ မှတစ်ဆင့် ပါဝင် တက်ရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။  

တရုတ်နိုင်ငံက နိုင်ငံတကာဈေးကွက်သို့ ထိရောက်သော ဆေးဝါးဆိုင်ရာပစ္စည်းများ၊ နေ့စဉ်မရှိမဖြစ် လိုအပ်ချက်များ၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် အခြား အထောက်အပံ့ပစ္စည်းများ စသည့်ပံ့ပိုးမှုများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရှီက ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးဆိုင်ရာ မူဝါဒတစ်ခုကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)