Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က ကပ်ရောဂါတားဆီးရေး နှင့် ကမ္ဘာ့စီးပွားရေးပြန်လည်နလံထူရန်အတွက် လွတ်လပ်သော ကုန်သွယ်ရေးကို အဆိုပြု

တရုတ်သမ္မတရှီကျင့်ဖိန်က ၁၅ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်မှတစ်ဆင့် နိုဝင်ဘာ ၂၁ ရက်တွင် တက်ရောက် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါ ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်တားဆီးရေး ၊ ကမ္ဘာ့စီးပွားရေး အားအင်ချိနဲ့နေသည်ကို ပြန်လည်တွန်းအားပေးရေး၊ ကုန်သွယ်ရေးအတားအဆီးများ နှင့် အခွန်လျှော့ပေါ့ရေး အပြင် ကပ်ရောဂါ တိုက်ဖျက်ရန် ဒီဂျစ်တယ်စီးပွားရေးမြှင့်တင်ရေး တို့အတွက် နိုဝင်ဘာ ၂၁ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။

G20 အုပ်စု အဖွဲ့ဝင်နိုင်ငံများ၏ (G20) ရီယတ်ဒ် ထိပ်သီးအစည်းအဝေးသို့ ဗီဒီယိုလင့်မှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားစဉ် သမ္မတရှီက G20 အုပ်စုသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဆန့်ကျင်တိုက်ဖျက်ရေးတွင် “ အလွန်အရေးပါပြီး အစားထိုး၍မရနိုင်သော” အခန်းကဏ္ဍတစ်ခုမှ နောက်ထပ်တစ်ကြိမ်ပြန်လည်ပါဝင်ခဲ့ကြောင်း ၊ ယင်းမှာ “ ၂၀၀၈ ခုနှစ်က ကြုံတွေ့ခဲ့ရသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကျပ်အတည်းတွင် ဆောင်ရွက်ခဲ့သည့် အားထုတ်မှုထက်ပို၍ သက်ရောက်မှုရှိခဲ့ကြောင်း ” ၎င်းက ဆိုသည်။

တရုတ်သမ္မတရှီကျင့်ဖိန်က ၁၅ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်မှတစ်ဆင့် နိုဝင်ဘာ ၂၁ ရက်တွင် ပါဝင်တက်ရောက် နေစဉ်(ဆင်ဟွာ)

“ စီးပွားရေးတည်ငြိမ်ရေး နဲ့ နိုင်ငံအားလုံးအတွက် ခက်ခဲသောခရီးရှည် နဲ့ ရေရှည် စားဝတ်နေရေးဆက်လက်တည်မြဲရေးကို အကာအကွယ်ပေးရန် ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရမည်ဖြစ်ကြောင်း ” ရှီကဆိုသည်။ “ ဗိုင်းရပ်စ်ထိန်းချုပ်မှု လုပ်ဆောင်နေစဉ်အတွင်းမှာပဲ ကျွန်တော်တို့ဟာ စီးပွားရေး ဖွံ့ဖြိုးမှု ပြန်လည်ရရှိဖို့ နဲ့ တည်ငြိမ်ဖို့အတွက်လည်း မဖြစ်မနေလုပ်ဆောင်ရမှာပါ ” ဟု ၎င်းက ပြောကြားခဲ့သည်။

G20 အုပ်စုသည် ကမ္ဘာ့အဓိက စီးပွားရေးအင်အားစုကြီးဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး GDP ၏ ၈၅ ရာခိုင်နှုန်းကျော်ထိ ရှိနေကြောင်း သိရသည်။

ကပ်ရောဂါကို တိုက်ဖျက်ခြင်း
သမ္မတရှီက “ ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးကပ်ရောဂါ” အား တိုက်ဖျက်ရေးတွင် G20 အဖွဲ့ဝင်နိုင်ငံများသည် အချင်းချင်းအပြန်အလှန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း တုံ့ပြန်မှုတစ်ခုဖြင့် အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်သင့်တယ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ အရင်းအမြစ်တွေ ပိုမိုခိုင်မာလာဖို့နဲ့ လှုပ်ရှားမှုတွေကို ထောက်ခံအားပေးသွားရပါမယ်၊ ပြီးတော့ ကာကွယ်ဆေးဖြန့်ချိရာမှာ ညီမျှဖို့နဲ့ထိထိရောက်ရောက်ဖြစ်ဖို့လည်း လုပ်ဆောင်သွားရမှာပါ” ဟု ရှီက ဆိုသည်။
ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေး သုတေသနပြုမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှု ၊ ထုတ်လုပ်မှုနဲ့ဖြန့်ချိမှုများတွင် အခြားသောကမ္ဘာ့နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ၎င်းက ဆိုသည်။

တရုတ်သမ္မတရှီကျင့်ဖိန်က ၁၅ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်မှတစ်ဆင့် နိုဝင်ဘာ ၂၁ ရက်တွင် ပါဝင်တက်ရောက် နေစဉ်(ဆင်ဟွာ)

“ အခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီဖို့နဲ့ အားပေးထောက်ခံဖို့ ကတိကဝတ်တွေအပေါ် ကျွန်တော်တို့ဂုဏ်ယူမိပါတယ် ၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးကို လက်လှမ်းမီဖို့ နဲ့ရရှိနိုင်ဖို့ကို လုပ်ဆောင်သွားရမှာဖြစ်ပါတယ်” ဟု ရှီက ကတိပြုပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့သတင်းစကားက ရှင်းပါတယ် ၊ ကာကွယ်ဆေးဟာ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူပစ္စည်းတစ်ခု ဖြစ်သင့်ပါတယ်၊ ဒါဟာ အနာဂတ်မျှဝေမှုနဲ့အတူ ပိုမိုခိုင်မာတဲ့ အသိုက်အဝန်းတစ်ခုရည်မှန်းချက်ပဲ ဖြစ်သင့်တာပေါ့” ဟု တရုတ်နိုင်ငံတကာဆက်ဆံရေးဌာန (China Institutes of Contemporary International Relations) ဒုတိယဥက္ကဌ Feng Zhongping က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

ပြီးခဲ့သော မတ်လတွင် ကျင်းပခဲ့သည့် ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံညှိနှိုင်းဆွေးနွေးမှု G20 ခေါင်းဆောင်များ၏ အထူးအွန်လိုင်းထိပ်သီးအစည်းအဝေးတွင် သမ္မတရှီက COVID-19 ကပ်ရောဂါ ကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်ရေးအတွက် ကြိုးပမ်းအားထုတ်သွားရန် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအစည်းအဝေးသည် G20 ခေါင်းဆောင်များအနေဖြင့် စတင်တည်ထောင်ဖွဲ့စည်းချိန်ကတည်းက ပထမဆုံးအကြိမ်ပြုလုပ်သည့် အွန်လိုင်း ထိပ်သီးအစည်းအဝေးတစ်ခုဖြစ်ကြောင်း သိရသည်။

လွတ်လပ်သောကုန်သွယ်ရေး
ယခု နှစ်ရက်တာကျင်းပသည့် ၁၅ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးအတွင်း သမ္မတရှီက နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒ နှင့် လွတ်လပ်သောကုန်သွယ်ရေးအတွက် ဆွေးနွေးခဲ့သည်။

G20 အနေဖြင့် ကမ္ဘာ့စီးပွားရေးအဆင်ပြေချောမွေ့စွာ လည်ပတ်စီးဆင်းနိုင်ရေး နှင့် ကုန်သွယ်ရေးအတားအဆီးဖယ်ရှားနှင့်အခွန်လျှော့ပေါ့ရေး ၊ ကမ္ဘာ့စက်မှုလုပ်ငန်း နှင့် ထုတ်ကုန်ကွင်းဆက် စဉ်ဆက်မပြတ်ချောမွေ့စွာလည်ပတ်ရေးအတွက် ပြန်လည်ကြိုးပမ်းအားထုတ်သွားသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အခက်အခဲဖြင့်ကြုံတွေ့နေရသည့်နိုင်ငံများအတွက် ကြွေးမြီဆိုင်းငံ့မှုနှင့် ဖယ်ရှားမှု တို့ကိုတွန်းအားပေးဆောင်ရွက်သွားရန် ကတိပြုခဲ့ပြီး စုစုပေါင်းကြွေးမြီ ၁.၃ ဘီလီယံကို ပယ်ဖျက်ခြင်းကို လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ရှီက ဆိုသည်။

“ ကျွန်တော်တို့ဟာ စည်းမျဉ်းကိုအခြေခံတဲ့ နိုင်ငံစုံပါဝင်ရေးကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းသွားသင့်ပါတယ် ၊ ဒါဟာ ပွင့်လင်းမှု ၊ ခွဲခြားဆက်ဆံခြင်းမရှိမှု ၊ တံခါးဖွင့်မှုနဲ့အားလုံးပါဝင်မှုပဲဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။ ထို့ပြင် G20 အနေဖြင့် တစ်ကိုယ်တော်ဝါဒ နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ဆန့်ကျင်သွားရန် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အလမ်း နှင့် ယင်းတို့အား ဖွံ့ဖြိုးရေးနေရာပေးရန် ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး စံနှုန်းသစ်သည် တံခါးပိတ်ထားရန်မဟုတ်ကြောင်း နှင့် အဆင့်တန်းမြင့်မားသည့် တံခါးဖွင့်စီးပွားရေး စနစ်သစ်တစ်ခုကို တည်ဆောက်ရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဒီဂျစ်တယ်စီးပွားရေး
သမ္မတရှီ၏ မိန့်ခွန်းထဲတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက သစ်လွင်သောအရှိန်အဟုန်ဖြင့် ဒီဂျစ်တယ်စီးပွားရေး၏ အလွန်အရေးပါပုံအကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက ကပ်ရောဂါကြောင့် နည်းပညာသစ်များ ၊ စီးပွားရေးလုပ်ငန်းပုံစံသစ်များ နှင့် လမ်းကြောင်းသစ်များ ဖြစ်ပေါ် တိုးတက်လာခဲ့သဖြင့် ဒီဂျစ်တယ်စီးပွားရေး၏ အရေးပါပုံကို တွန်းအားပေးအားထုတ်သွားသင့်ကြောင်း ၎င်းက အဆိုပြုခဲ့သည်။

G20 အနေဖြင့် အချက်အလက်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ၊ ဒီဂျစ်တယ်အခြေခံအဆောက်အအုံ ပိုမိုခိုင်မာအောင် အားထုတ်မှု နှင့် နိုင်ငံအားလုံးမှ အဆင့်မြင့်နည်းပညာကုမ္ပဏီများအတွက် တူညီသောကစားကွင်းတစ်ခုဖန်တီးမှုတို့ကို တွန်းအားပေးသွားရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

“ တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်လုံခြုံရေး ကနဦး အဆိုပြုချက်ကို အခြေခံပြီး ဒီဂျစ်တယ် စီမံခန့်ခွဲမှု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ရှာဖွေဖော်ထုတ်ခြင်း နဲ့ အကောင်အထည်ဖော်ခြင်းကို သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့အတူ လုပ်ဆောင်သွားဖို့ တရုတ်နိုင်ငံက အသင့်ရှိပါတယ် ” ဟု ၎င်းက ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်
ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုစနစ်တွင် လုံလောက်မှုမရှိသေးသည်ကို အများပြည်သူအား ဖော်ပြနေသည့် ကြီးကျယ်သောစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ရှီက ဆိုသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO) အား ပြန်လည်ပြင်ဆင်ရေးအတွက် ထောက်ခံအားပေးခြင်းအပါအဝင် ကုလသမဂ္ဂကို ဗဟိုပြုသောနိုင်ငံတကာစနစ် နှင့် စီးပွားရေးကမ္ဘာလုံးဆိုင်ရာစနစ်အတွက် စီမံခန့်ခွဲမှုပုံစံကို မြှင့်တင်သွားရန် ရှီက တိုက်တွန်းပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးစနစ် မြှင့်တင်ရေး အပြင် COVID-19 ကပ်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးကို ပိုမိုအားထုတ်သွားရန် သမ္မတရှီက ပြောကြားခဲ့ပြီး အခြားသောကူးစက်ရောဂါများသည်လည်း “ ချက်ချင်း ကိုင်တွယ် လုပ်ဆောင်ရမည့် ကိစ္စရပ်”ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည် ။

ရှီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အခန်းကဏ္ဍကို မြှင့်တင်သွားရန် အားထုတ်ကြိုးပမ်းရမည်ဖြစ်ကြောင်း နှင့် အားလုံးကျန်းမာသော လူမှုအသိုက်အဝန်းတစ်ခုတည်ဆောက်ရန် ကပ်ရောဂါတုံ့ပြန်မှုနှင့်ထိန်းချုပ်မှုကို ရှေ့ဆက်တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည် ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)