ဂျီနီဗာ၊ မတ် ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၇၂,၄၆၉ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၁၅ ရက်က ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။
ဂျီနီဗာ၊ မတ် ၁၄ ရက် (ဆင်ဟွာ) ဥရောပသည် တရုတ်နိုင်ငံပြင်ပရှိ ကျန်ကမ္ဘာ့နိုင်ငံများထက် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှု များလာခြင်းနှင့်အတူ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက မတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်အတွင်း ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း (Surgical mask) ကို မည်သည့်အချိန်တွင် ဝတ်ဆင်ရန်နှင့် မည်သို့ အသုံးပြုရမည်ဆိုသည်ကို အောက်ပါအတိုင်း အကြံပြုလမ်းညွှန်ထားသည်။
ဂျီနီဗာ၊ မတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၃၂,၇၇၈ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၁၀ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။
ဂျီနီဗာ၊ မတ် ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါသည် နိုင်ငံအမြောက်အမြားတွင် ဖြစ်ပွားလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ်အသွင် ပေါ်လွင်လာပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)က မတ် ၉ ရက် တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) သို့ ပေးအပ်လှူဒါန်းမည့် တရုတ်နိုင်ငံ၏ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ကမာ္ဘလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးတွင် ထောက်ခံအားပေးရန် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်ရာတွင် အသုံးပြုသွားရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang...
ဂျီနီဗာ ၊ မတ် ၉ ရက်(ဆင်ဟွာ) မတ် ၈ ရက် နံနက်ပိုင်းအထိ ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၁၀၁ ခုတွင် COVID-19 အတည်ပြုလူနာတွေ့ရှိသည်ဆိုသည့် သတင်းပေးပို့မှုများ လက်ခံရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) မှ ပြောရေးဆိုခွင့်ရှိသူ Fadela Chaib က ဆင်ဟွာသို့ ပြောကြားခဲ့သည်
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) လက်ရှိတွင် တစ်ကမ္ဘာလုံး၌ COVID-19ရောဂါ အတည်ပြုလူနာ တစ်သိန်းကျော် ရှိပြီဖြစ်ရာ ရောဂါပြန့်ပွားမှု အခြေအနေ အပြောင်းအလဲဖြစ်စေရန်နှင့်လျော့နည်းလာစေရန်အတွက် နိုင်ငံအားလုံးအနေဖြင့် အားကောင်းသည့် ရောဂါ တားဆီးမှုများကို လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာနှစ်သောင်းကျော်ပြီဖြစ်ရာ စုစုပေါင်း လူနာ၂၁,၁၁၄ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
ဂျီနီဗာ၊ မတ် ၇ ရက်(ဆင်ဟွာ) COVID-19 ရောဂါကြောင့် ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှုတွင် သက်ရောက်မှုရှိနိုင်သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မရှိမဖြစ်လိုအပ်သည့်ဆေးဝါးများ၏ပံ့ပိုးမှုသည် အပူတပြင်း လိုအပ်နေသည့် အနေအထားမျိုးတွင် မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။