Connect with us

WORLD

တရုတ် နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက် ခံရသူ ထပ်မံ မတွေ့ရှိတော့ခြင်း က အံ့အားသင့်ဖွယ် အောင်မြင်မှု ဖြစ်ကြောင်း WHO ပြောကြား

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က အစီရင်ခံစာ အရ တရုတ် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ထပ်မံ မတွေ့ရှိတော့ခြင်းသည် အံ့အားသင့်ဖွယ် အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း မတ်လ ၁၉ ရက် ၌ ပြောကြား ခဲ့သည်။

မတ်လ ၁၉ ရက် ၌ ကျင်းပ ပြုလုပ်သည့် ကပ်ရောဂါ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တွင် တက်ဒရော့စ် က လက်ရှိအချိန်ထိ ကမ္ဘာပေါ်တွင် လူပေါင်း ၂ သိန်းကျော် COVID-19 ရောဂါ ကူးစက် ခံရပြီး လူပေါင်း ၈,၀၀၀ ကျော် သေဆုံးခဲ့သော်လည်း ယခုချိန်တွင် တရုတ် နိုင်ငံ ၌ ရောဂါ ကူးစက် ခံရသူ ထပ်မံ မတွေ့ရှိတော့သဖြင့် လွန်စွာ အံ့အားသင့်ဖွယ် ကောင်းသည့် အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း ၊ WHO အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၆၈ နိုင်ငံ သို့ ကာကွယ်ရေး ဝတ်စုံများ ပို့ဆောင်ပေး ခဲ့ပြီး နိုင်ငံပေါင်း ၁၂၀ သို့ COVID-19 ရောဂါ စစ်ဆေးသည့် ကိရိယာ ပေါင်း ၁.၅ သန်း ကို ပို့ဆောင် ပေးခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံအများအပြား ၌ ကာကွယ်ရေး ကိရိယာ နှင့် ရောဂါ စစ်ဆေးမှု ကိရိယာများ များစွာ လိုအပ်နေပြီး WHO အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းများ မှ ထောက်ပံ့မှု ရရှိနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် WHO ညွှန်ကြားရေးမှူးချုပ် က လက်ရှိချိန် တွင် နိုင်ငံပေါင်း ၇၀ ရာခိုင်နှုန်းကျော် က အမျိုးသား ကာကွယ်ရေး နှင့် ရင်ဆိုင်ဖြေရှင်းရေး အစီအစဉ် များရှိကြပြီး နိုင်ငံပေါင်း ၈၉ ရာခိုင်နှုန်း က ဓာတ်ခွဲခန်း တွင် စစ်ဆေးမှု ပြုလုပ် နိုင်သည့် စွမ်းရည်ရှိကြောင်း ၊ နိုင်ငံပေါင်း ၇၀ ရာခိုင်နှုန်းကျော် က လက်ရှိချိန်တွင် COVID-19 ရောဂါ နှင့် ပတ်သက်၍ စစ်ဆေးမှုများ ဆောင်ရွက်နေပြီး ၆၈ ရာခိုင်နှုန်း သော နိုင်ငံ များ တွင် ဌာနအသီးသီး ပူးပေါင်းဆောင်ရွက်မှု စနစ် တည်ရှိကြောင်း ၊ သို့သော်လည်း ယင်းအခြေအနေ က လုံလောက်မှု မရှိသေးဘဲ WHO အနေဖြင့် နိုင်ငံအားလုံး ရောဂါ စတင် ဖြစ်ပွားမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကောင်းဆုံး ပြင်ဆင် ထားစေလိုကြောင်း ၊ တရုတ် နိုင်ငံ မှ COVID-19 ရောဂါပိုး ၏ gene sequence ကို မျှဝေပေး ခဲ့ပြီး နောက် ရက်ပေါင်း ၆၀ တွင် COVID-19 ရောဂါ ကာကွယ်ဆေး လက်တွေ့ စမ်းသပ်မှု ကို စတင်ပြုလုပ်နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် လုပ်အားပေး အဖွဲ့ဝင် ကိုလည်း ပထမဦးဆုံး ရောဂါ ကာကွယ်ဆေး အား ထိုးသွင်း ပေးခဲ့နိုင်ပြီး ဖြစ်သောကြောင့် ယင်းဆောင်ရွက်မှု သမိုင်းတစ်လျှောက် မရှိခဲ့ဖူးသည့် သိပ္ပံဆိုင်ရာ အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)