Connect with us

WORLD

တစ်ကမ္ဘာလုံး အတိုင်းအတာ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၉ သိန်း ခန့် အထိ ရောက်ရှိ လာကြောင်း WHO ထုတ်ပြန်ကြေညာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ ဧပြီ ၂ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ လက်ရှိချိန်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၈၉၆,၄၅၀ ဦး ရှိခဲ့ပြီး ယခင်နေ့ထက် ၇၂,၈၃၉ ဦး တိုးမြင့် ခဲ့ကြောင်း ၊ သေဆုံးသူ စုစုပေါင်း အနေဖြင့် ၄၅,၅၂၆ ဦး သို့ ရောက်ရှိခဲ့ပြီး ယခင်နေ့ထက် ၄,၉၂၄ ဦး တိုးမြင့် ခဲ့ကြောင်း သိရှိရသည်။

WHO  ၏ ထုတ်ပြန်ကြေညာချက် အရ လက်ရှိချိန်တွင် တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကူးစက် ခံရသူ စုစုပေါင်း ၈၁၃,၇၂၆ ဦးရှိကြောင်း သိရှိရသည်။

WHO အနေဖြင့် နေ့စဉ် ကပ်ရောဂါ ဆိုင်ရာ အစီရင်ခံစာ တင်ပြ နေပြီး ဧပြီ ၂ ရက် ဥရောပ အလယ်ပိုင်း ဒေသစံတော်ချိန် ၁၀ နာရီ ထုတ်ပြန်ချက် အရ တရုတ် နိုင်ငံ ပြင်ပ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ယခင်နေ့ထက် ၇၂,၇၄၆ ဦး တိုးမြင့် ခဲ့ပြီး သေဆုံးသူ ၄,၉၁၈ ဦး တိုးမြင့် ခဲ့ကြောင်း သိရှိရသည်။  (Xinhua)