ဒါကာ၊ မေ ၃ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပတ်မာ(Padma) မြစ်ထဲ၌ ယနေ့ မေ ၃ ရက် နံနက်ပိုင်းတွင် စပိဘုတ်လှေတစ်စင်း နှင့် သဲတင် သင်္ဘောတစ်စင်း ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားရာ လူပေါင်း ၂၅ ဦးထက်မနည်းသေဆုံးသွားကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။

အစ္စလာမ်မာဘတ်၊မေ ၃ ရက်(ဆင်ဟွာ)

COVID-19 ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံလာဟိုးမြို့(Lahore) ၌ မေ ၁ ရက် နှင့် ၂ ရက်နေ့များတွင် တစ်မြို့လုံးအတိုင်းအတာဖြင့် အလုံးစုံပိတ်ဆို့မှုလော့ဒေါင်း(lockdown) ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘေရွတ်၊မေ ၂ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ အနောက် Bekaa ဒေသရှိ Qaraoun ရေကန်ကြီး၏ ကမ်းစပ်တွင် မကြာသေးမီက ငါးအမြောက်အမြားသေဆုံးလျက်ရှိရာ ယင်းနေရာ၌ ပိုမိုဆိုးရွားလာသော ပတ်ဝန်းကျင်ညစ်ညမ်းမှုအနေအထားအပေါ် သတိပေးခေါင်းလောင်းထိုးသံ တစ်ခုဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ မေ ၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်ရှိ နောက်ဆုံးအသုတ် အမေရိကန်တပ်ဖွဲ့ဝင် (၂,၅၀၀)မှ(၃,၅၀၀)ခန့်ကို မေ ၁ ရက်တွင် ရုပ်သိမ်းလိုက်ပြီဖြစ်ရာ နှစ်(၂၀)နီးပါးကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်တော့မည်ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်၊မေ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေစဉ်အခါက ၎င်း၏ ကပ်ရောဂါထိန်းချုပ်ရေးဆောင်ရွက်ပုံများကို အိန္ဒိယနိုင်ငံအနေဖြင့် လေ့လာသင်ယူနိုင်ကြောင်း အမေရိကန်နိုင်ငံ ဓာတ်မတည့်ခြင်း နှင့် ကူးစက်ရောဂါဆိုင်ရာ သုတေသနဌာန ညွှန်ကြားရေးမှူး အန်တိုနီဖော့စီ (Anthony Fauci) ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေချိန် ယာယီဆေးရုံတစ်ခုအတွင်း ကျန်းမာရေးဝန်ထမ်းများက လူနာကုတင်များပြင်ဆင်နေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေချိန် ယာယီဆေးရုံတစ်ခုအတွင်း ကျန်းမာရေးဝန်ထမ်းများက လူနာကုတင်များပြင်ဆင်နေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ) 

ဖော့စီက “ သူတို့ဆီမှာ အကျပ်အတည်း ဖြစ်ပေါ်နေချိန် တရုတ်နိုင်ငံက ဘယ်လိုလုပ်ကိုင်ခဲ့လဲဆိုတာ ခင်ဗျားတို့ ပြန်ပြီး အမှတ်ရသင့်တယ်။ အဲဒီအတိုင်းပဲ , ရက်အနည်းငယ်အတွင်းမှာ သူတို့ဟာ အရေးပေါ်ကုသရေးဌာနတွေတည်ဆောက်ပြီး ဆေးရုံအဖြစ်အသုံးပြုခဲ့တာကိုပေါ့” ဟု ၎င်း ဆိုသည်။ (Xinhua)

---------------------------------------
(English Version)
India could learn from China's experience fighting COVID-19:Fauci

India could learn from China’s disease control playbook in fighting its COVID-19 surge: Anthony Fauci, director of the U.S. National Institute of Allergy and Infectious Disease “ What the Chinese did when they had crisis, you might recall, literally, within a few days they built these emergency units that served as hsopitals ”
Photo - Anthony Fauci, director of the U.S. National Institute of Allergy and Infectious Disease.

ကမ်ဘာရာ ၊ မေ ၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသော ခရီးသွားများအား ပြည်ဝင်ခွင့်တားမြစ်ရန် အစိုးရ၏ ဆုံးဖြတ်ချက်သည် လူမျိုးရေး အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုချက်များကို ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က ငြင်းဆိုလိုက်သည်။
အိန္ဒိယနိုင်ငံမှ ပြန်လာသူများအနေဖြင့် ဟိုတယ် Quarantine နေစဉ်အတွင်း ဩစတြေးလျနိုင်ငံသားများအကြား COVID-19 ကူးစက်မှု မြင့်မားလာခြင်းကို တုံ့ပြန်ဖြေရှင်းရန်အတွက် အိန္ဒိယနိုင်ငံမှ ဩစတြေးလျနိုင်ငံသို့ ပြည်ဝင်ခွင့်အား “ ယာယီ” ပိတ်ပင်တားမြစ်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း Payne က ပြောကြားခဲ့သည်။

ပေကျင်း၊ မေ ၂ ရက်(ဆင်ဟွာ)

အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်တွင် ပါဝင်သည့်သက်ဆိုင်ရာဘက်ပေါင်းစုံ၏ အသစ်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို မေ ၁ ရက်က ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ဆက်လက်ကျင်းပခဲ့သည်။ သဘောတူညီချက်တွင်ပါဝင်သည့် သက်ဆိုင်ရာ ဘက်ပေါင်းစုံက မေလကုန်မတိုင်မီ လက်တွေ့ကျသည့်ရလဒ်ရချင်ကြကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဂျေရုဆလမ် ၊ မေ ၂ ရက် (ဆင်ဟွာ)

Meron မီရွန်တောင်၌ ကျင်းပသည့် ဘာသာရေးပွဲတော်အခမ်းအနားအတွင်း လူအုပ်ပိ၍ သေဆုံးသွားကြသူများအတွက် စုပေါင်း အသုဘအခမ်းအနားကို ဧပြီ ၃၀ ရက်က အစ္စရေးနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထရီပိုလီ၊ မေ ၁ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းအနီးမှ တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၃၄၀ ခန့်အား ကယ်ဆယ်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဧပြီ ၃၀ ရက်၌ ပြောကြားခဲ့သည်။

ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် အမေရိကန်နိုင်ငံ အိမ်ဖြူတော်က ဧပြီ ၃၀ ရက်၌ အိန္ဒိယနိုင်ငံအပေါ် ခရီးသွားလာခြင်းကန့်သတ်မှုဆောင်ရွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။