ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) မြန်မာ့စီးပွားရေး ကဏ္ဍသည် ၂၀၁၆ ခုနှစ်တွင် အစိုးရသစ် အပြောင်းအလဲများဖြင့် စိန်ခေါ်မှုများ ကြုံတွေ့ ခဲ့ရသော်လည်း ယခုအချိန်သည် နိုင်ငံတကာ၏ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် အကောင်းဆုံး အချိန် ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဖားကန့် မြို့နယ်၌ စုပေါင်း မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ရာတွင် ရေမဆေးကျောက် ရှာဖွေသူ ခန့်မှန်း ၂၀ ဦးခန့် ပါဝင်သွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုူးသား နှစ်သစ်ကူးနေ့က ပေးလာသည့် သင်ခန်းစာကို ရယူပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သာယာ ဝပြောရေးနှင့် ပြည်ထောင်စု ကောင်းကျိုးအတွက် တိုင်းရင်းသား အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရန် နိုင်ငံတော်၏...
မော်စကို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ပင်လယ်နက်အတွင်းသို့ ပျက်ကျသွားခဲ့သည့် ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဋ္ဌာနပိုင် Tu-154 ခရီးသည်တင် လေယာဉ်၏ အဓိက အစိတ်အပိုင်းများအား ပင်လယ်ထဲမှ ဆယ်ယူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က ဖော်ပြထားသည့် ရုရှား သတင်း အေဂျင်စီ RIA Novosti...
အန်ကာရာ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ မြောက်ပိုင်း Sinop ပြည်နယ်တွင် မော်တော်ယာဉ် မတော်တဆမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Hurriyet သတင်းက ဒီဇင်ဘာလ ၂၉ ရက်က ဖော်ပြထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မြို့ ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနက ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ သုံးနှစ်အတွင်း တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းပေါင်း ၈၆၀၀ ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ လျှောက်ထားပြီးဖြစ်သူများအား အလှည့် ကျ မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း...
ကဘူးလ်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) အာဖဂန် ကျေးလက်ဒေသအတွင်း ဒီဇင်ဘာလ ၂၈ ရက် အစောပိုင်းက တာလီဘန် စစ်သွေးကြွများဟု သံသယရှိသူ ၄၂ ဦးအား အာဖဂန် လုံခြုံရေး တပ်ဖွဲ့က သတ်ပစ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ဒီဇင်ဘာလ ၂၉ ရက်က ပြောကြားလိုက်သည်။
ချန်ဒူ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) အသက် ၃၁ နှစ်အရွယ်ရှိပြီ ဖြစ်သော ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါအထီးလေး ပန်ပန် (Pan Pan) သည် တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၄း၅၀ နာရီက သေဆုံးသွားခဲ့ကြောင်း...
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၉ရက် (ဆင်ဟွာ) ဘရပ်ဆဲလ်မြို့ အများပြည်သူဆိုင်ရာ အစိုးရရှေ့နေရုံးက ၁၄နှစ်အရွယ် ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦး၏ ကျောပိုးအိတ်ထဲ၌ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ပါဝင်သော ပုလင်းတစ်လုံးအားတွေ့ရှိခဲ့၍ ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒီဇင်ဘာ ၁၈ရက်တွင်ပြောကြားခဲ့သည်။