Connect with us

Social, Education & Health

ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါအထီးလေး ပန်ပန် အသက် ၃၁ နှစ်အရွယ်တွင် သေဆုံး

အသက် ၃၀ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပနေသည့် ပန်ဒါ အထီးလေး ပန်ပန်အား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ဒူ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အသက် ၃၁ နှစ်အရွယ်ရှိပြီ ဖြစ်သော ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါအထီးလေး ပန်ပန် (Pan Pan) သည် တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၄း၅၀ နာရီက သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ပန်ပန်ရဲ့ အသက်ဟာ လူ့သက်တမ်းနဲ့ ယှဉ်ရင် အသက် ၁၀၀ ခန့် ရှိပါပြီ၊ သူဟာ ကင်ဆာရောဂါ ခံစားနေရပြီး လွန်ခဲ့တဲ့ သုံးရက်က သူ့ ကျန်းမာရေး အခြေအနေက ပိုဆိုးလာခဲ့တယ်၊ သတိလဲ မေ့နေပြီ” တရုတ်နိုင်ငံ Dujiangyan အခြေစိုက် ပန်ဒါကြီးများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သုတေသန စင်တာ ပန်ဒါ ထိန်းသိမ်းသူ Tan Chengbin က ဆင်ဟွာသို့ ပြောသည်။

ပန်ပန်ကို ၁၉၈၅ ခုနှစ်တွင် စီချွမ်ပြည်နယ် Baoxing နယ်တွင် မွေးဖွားခဲ့ပြီး လသားအရွယ်ကတည်းက လှောင်အိမ်အတွင်း၌ နေခဲ့ရသည်။

၎င်းအား ပန်ဒါ ဘိုးဘိုးအဖြစ် လူသိများလာခဲ့ပြီး ယခုနှစ် ဇွန်လတွင် ကင်ဆာရောဂါ ခံစားခဲ့ရကာ သက်ကြီးရောဂါ၊ မျက်စိ တိမ်စွဲဝေဒနာများနှင့် သွားရောဂါများ ခံစားခဲ့ရသည်။

ပန်ဒါရိုင်း တစ်ကောင်သည် ပျမ်းမျှအားဖြင့် နှစ် ၂၀ ခန့်သာ သက်တမ်းရှိသော်လည်း လှောင်အိမ်အတွင်း၌ နေထိုင်သည့် ပန်ဒါများမှာ သက်တမ်း ပိုရှည်လေ့ရှိသည်။

ပန်ဒါကြီးမျိုးသည် ကမ္ဘာပေါ်တွင် ရှားပါးလှသည့် မျိုးစိပ်ဝင်များ ဖြစ်သည်။ တောထဲတွင် နေထိုင်သည့် ပန်ဒါ ကောင်ရေ ၂၀၀၀ အောက်ရှိပြီး အများစုမှာ စီချွမ်နှင့် ရှန်စီး ပြည်နယ်များတွင် ဖြစ်သည်။ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကောက်ယူထားသည့် စာရင်းအရ တောထဲတွင် နေထိုင်သည့် ပန်ဒါ အရေအတွက် ၁၈၆၄ ကောင်ရှိကြောင်း၊ ၄၂၂ ကောင်မှာ လှောင်အိမ်အတွင်း နေထိုင်လျက်ရှိကြောင်း တရုတ်နိုင်ငံ၏ ပြည်နယ်ဆိုင်ရာ သစ်တော အုပ်ချုပ်စီမံခန့်ခွဲရေး အဖွဲ့က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.