Connect with us

Africa & Middle East

တူရကီ မြောက်ပိုင်း ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၅ ဦး သေဆုံး

တူရကီတွင် ကျောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျသွားခဲ့သည့် ဘတ်စ်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ မြောက်ပိုင်း Sinop ပြည်နယ်တွင် မော်တော်ယာဉ် မတော်တဆမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Hurriyet သတင်းက ဒီဇင်ဘာလ ၂၉ ရက်က ဖော်ပြထားသည်။

အစ္စတန်ဘူလ်မှ Sinop သို့ ပြေးဆွဲနေသည့် ခရီးသည်တင် ဘတ်စ်ကား တစ်စီးသည် ကျောက်ကမ်းပါးအစွန်းအား ကျော်လွန်ကာ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် Sinop ပြည်နယ် Sarayduzu ခရိုင် Basekin ကျေးရွာ အနီးရှိ ကျောက်ကမ်းပါး အတွင်းသို့ ၁၀ မီတာခန့် ထိုးဆင်းခဲ့ကြောင်း သိရသည်။

ဆီးနှင်းများ ထူထပ်စွာ ကျဆင်းခြင်းနှင့် မြူခိုးများ ပိတ်နေခြင်းများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.