Connect with us

Africa & Middle East

တစ်ရက်အတွင်း စစ်သွေးကြွ ၄၂ ဦးအား အာဖဂန်က သုတ်သင်ပစ်ခဲ့

အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အာဖဂန် ကျေးလက်ဒေသအတွင်း ဒီဇင်ဘာလ ၂၈ ရက် အစောပိုင်းက တာလီဘန် စစ်သွေးကြွများဟု သံသယရှိသူ ၄၂ ဦးအား အာဖဂန် လုံခြုံရေး တပ်ဖွဲ့က သတ်ပစ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ဒီဇင်ဘာလ ၂၉ ရက်က ပြောကြားလိုက်သည်။

အာဖဂန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲများသည် နိုင်ငံအတွင်းက မတူညီတဲ့ ဒေသတွေမှာ ပူးတွဲစစ်ဆင်ရေး တစ်ရပ်ပြုလုပ်ခဲ့ရာ လက်နက်ကိုင် စစ်သွေးကြွ ၄၂ ဦးအား သုတ်သင်ခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိစေခဲ့သလို ၉ ဦး ဖမ်းဆီးမိခဲ့ကြောင်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ပူးတွဲ စစ်ဆင်ရေးအတွင်း ခဲယမ်းမီးကျောက်များနှင့် စနက်တံ ဖြုတ်ထားသော မြေမြှုပ်မိုင်း ၂၅ ခုအား သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သို့သော်လည်း လုံခြုံရေးတပ်များ၏ ဆုံးရှုံးမှုများအား ဖော်ပြထားခြင်း မရှိပေ။

စစ်သွေးကြွများသည် နယ်မြေများ သိမ်းပိုက်ရန် ကြိုးပမ်းလာမှုနှင့် ၎င်းတို့၏ အနေအထား ခိုင်မာလာစေရန် လုပ်ဆောင်လာမှုများကြောင်း အာဖဂန် လုံခြုံရေး တပ်အနေဖြင့် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တာလီဘန်များဘက်ကလည်း ဗုံးထောင်ခြင်းနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ကွန်ဒုစ်မြို့တွင် ဒီဇင်ဘာလ ၂၉ ရက် နံနက်က အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံ၏ ဟိန္ဒူ အသိုက်အဝန်းက နယ်ခံ ခေါင်းဆောင် Narand Singh သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mafuzullah Akbari က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.