ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် မပေါက်ကွဲသေးသော M-150အချိုရည်ပုလင်းများအား တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များပိုမိုများပြားလာခြင်းကြောင့်ပြည်သူလူထုစိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများ လုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်(OSU) ပရဝဏ်အတွင်း နိုဝင်ဘာလ ၂၈ ရက် က ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁ ဦးဒဏ်ရာရသွားကြောင်း နှင့် ဓားကိုင်တိုက်ခိုက်သူ ( သံသယတရားခံ) ကို သေနတ်ဖြင့် အသေပစ်သတ် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ယာ၌ ကျပ် သိန်း ၁၄၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
တိုင်ယွမ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) လွန်ခဲ့သော နှစ်ပေါင်း ၆,၀၀၀ အကြာက လူမျိုးစု တစ်စု၏ ခေါင်းဆောင် ရုံးခန်း သို့မဟုတ် အစည်းအဝေး ခန်းမဟု ယုံကြည်ရသည့် ပဉ္စဂံ ပုံသဏ္ဍာန်ရှိသော အဆောက်အဦတစ်ခု အပျက်အစီးများအား ရှေးဟောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံ...
ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်သည် နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ သို့ရောက်ရှိမည် ဖြစ်ပြီး ၈ ရက်တာ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အခြား မြို့နယ်များသို့ သွားရောက်မည်...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ၂၉ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် နိုဝင်ဘာလ ၃၀ရက်နေ့၊ ညနေ ၄နာရီ၊ သုဝဏ္ဏမြက်ခင်းတုကွင်းတွင် ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ အကျဉ်းထောင် တစ်ခုတွင် လူဆိုးဂိုဏ်းဝင် လေးဦးနှင့်အတူ နိုဝင်ဘာလ ၂၇ ရက်က ထောင်ဖောက်ပြေး လွတ်မြောက်သွားသည့် အန္တရာယ်ရှိ စစ်သွေးကြွ တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်)၏ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စက်ရုံ၌ ယခုနှစ်အတွင်း မြွေဆိပ်ဖြေဆေး ကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း ၎င်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။