ဂါဇီ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇီပြည်နယ် တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အရပ်သား၇ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ က ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ဟိုင်းခို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်းစွန်း ဟိုင်နန်ကျွန်း(Hainan)သို့ ယခုနှစ် ပထမ ၁၁လအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၁.၁သန်း ထိရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၁၂.၆ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တို့က ဒီဇင်ဘာ ၂၃ရက်တွင် ပြောကြားခဲ့သည်။
ကိုင်ရို၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ မြောက်ပိုင်း Sinaiပြည်နယ် Arish မြို့တွင် လုံခြုံရေးတပ်ဖွဲ့များက ခရစ္စမတ်ကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ အကြမ်းဖက်သမား ၁၄ ဦး အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ံ ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မွမ်ဘိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် (Ajit Doval) တို့သည် ဒီဇင်ဘာ ၂၃ ရက်က မွမ်ဘိုင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်မြောက်ဘက် (၁၇) မိုင်ခန့် အကွာ၊မြေပြင်အောက်အနက် (၈၂)ကီလိုမီတာခန့် ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ...
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဒုတိယ ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန် (Patrick Shanahan) အား ပင်တဂွန်စစ်ဌာနချုပ် ယာယီအကြီးအကဲအဖြစ်ခန့်အပ်ကြောင်း ဒီဇင်ဘာ ၂၃ရက်တွင်ကြေညာခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၂၄ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Solikamsk မြို့ ရှိ ပိုတက်ဆီယမ် သတ္တုတွင်းတစ်ခု မီးလောင်မှုကြောင့် ပိတ်မိနေသည့် မိုင်းလုပ်သား ၉ဦးအနက် ၈ဦး၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့ကြောင်း TASS သတင်းဌာနက ဒီဇင်ဘာ ၂၃ ရက်ကဖော်ပြခဲ့သည်။
နူကူးအလိုဖာ၊ ဒီဇင်ဘာ၂၄ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ တွန်ဂါ(Tonga)နိုင်ငံ၏ မြို့တော် နူကူးအလိုဖာမြို့(Nuku’alofa) မြောက်ဘက် ၈၄ ကီလိုမီတာတွင် ဒီဇင်ဘာ ၂၄ ရက်က ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန(USGS)၏ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဂျကာတာ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင် တစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့ရာ လက်ရှိအချိန်ထိသေဆုံးသူ ၂၈၁ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ယနေ့ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။(Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် စစ်တိုင်းကြီၤး၅ခု၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ၄လကျော် ရပ်ဆိုင်းပေးမည့် ဒီဇင်ဘာ ၂၁ရက်က ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကြိုဆိုကြောင်း ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။