Connect with us

Politics, Law & Military

တပ်မတော်အနေဖြင့် စစ်တိုင်းကြီၤး၅ခု၌ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြိုဆို

တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်အပေါ် KNUမှ ကြိုဆိုကြောင်း ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ- KNU)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တပ်မတော်အနေဖြင့် စစ်တိုင်းကြီၤး၅ခု၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ၄လကျော် ရပ်ဆိုင်းပေးမည့် ဒီဇင်ဘာ ၂၁ရက်က ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကြိုဆိုကြောင်း ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တပ်မတော်၏ ထုတ်ပြန်ချက်အပေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင်လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၊ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU / KNLA-PC)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA)စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

ထို့ပြင် NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ဝပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော်/ ပါတီ (UWSA/P)၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ( SSPP/SSA)နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလား (NDAA)စသည့် အဖွဲ့များကလည်း ကြိုဆိုထောက်ခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြသည်။

လက်ရှိအချိန်ထိ တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်အပေါ် ထောက်ခံကြိုဆိုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း(၁၁)ဖွဲ့ထိရှိနေပြီဖြစ်ကြောင်း သိရသည်။(Xinhua)