Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား ၁၄ ဦးအား ပစ်ခတ်ရှင်းလင်း

အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြောက်ပိုင်း Sinaiပြည်နယ် Arish မြို့တွင် လုံခြုံရေးတပ်ဖွဲ့များက ခရစ္စမတ်ကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ အကြမ်းဖက်သမား ၁၄ ဦး အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ံ ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများနှင့်နာရီအတန်ကြာအောင် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ၊ပစ်ခတ်မှုအတွင်း အကြမ်းဖက်သမား ၈ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ၊ ထွက်ပြေးနေသည့် အကြမ်းဖက်သမားများကို လိုက်လံဖမ်းဆီးစဉ် အကြမ်းဖက်သမား ၆ ဦး သေနတ် ထိမှန်သေဆုံးခဲ့ကြောင်းနှင့် အချင်းဖြစ်နေရာတွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ ကြောင်း အီဂျစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်သမားတစ်စုသည် ခရစ္စမတ်ကာလအတွင်း Arish မြို့ရှိအဓိကနေရာများကို တိုက်ခိုက် ရန် စီစဉ်နေသည်ကို လုံခြုံရေးတပ်ဖွဲ့က ဖေါ်ထုတ်နိုင်ခဲ့ပြီးနောက် အသေးစိတ်အစီအစဉ် ရေးဆွဲကာ လျှပ်တပြက် ဝင်ရောက် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အီဂျစ်မီဒီယာများ၏ သတင်းအရ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် အီဂျစ် စစ်တပ်သည် “ Sinai 2018 ”အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပြီး ဆိုင်းနိုင်း(Sinai) ကျွန်းဆွယ်ဒေသများ၏ အကြမ်းဖက် အင်အားစုများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.