Connect with us

Economy

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်သို့ နိုင်ငံခြားခရီးသွား စံချိန်တင် ဝင်ရောက်

တရုတ်တောင်ပိုင်းစွန်း ဟိုင်နန်ကျွန်း(Hainan)အားတွေ့ရစဉ်(ဆင်ဟွာ)

ဟိုင်းခို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းစွန်း ဟိုင်နန်ကျွန်း(Hainan)သို့ ယခုနှစ် ပထမ ၁၁လအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၁.၁သန်း ထိရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၁၂.၆ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တို့က ဒီဇင်ဘာ ၂၃ရက်တွင် ပြောကြားခဲ့သည်။

ယင်းကာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၆၈၀ ဝန်းကျင်ထိ ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀.၈ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

နိုင်ငံခြားခရီးသွားများသည် ဟိုင်နန်ပြည်နယ်သို့ နိုင်ငံတကာ လေကြောင်းခရီးစဉ်၂၆ခုဖြင့် ဝင်ရောက်လျက်ရှိရာ ယခုအခါ စုစုပေါင်း လေကြောင်းခရီးစဉ် ၇၄ ခုထိရှိနေပြီဖြစ်ကြောင်း၊၂၀၂၀ခုနှစ်တွင် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၁၀၀ထိ ဟိုင်နန်ပြည်နယ်သို့ ဝင်ရောက်လာရန် မျှော်မှန်းထားကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းတွင် ဟိုင်နန်ပြည်ကို လာရောက်ခဲ့ကြသည့် နိုင်ငံပေါင်း ၅၉ နိုင်ငံမှ ပြည်ပခရီးသွားများအား ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ကြောင်းနှင့် ၎င်းတို့အနေဖြင့် ဟိုင်နန်ပြည်နယ်သို့ တိုက်ရိုက်လေကြောင်းလိုင်းဖြင့် ဖြစ်စေ တရုတ်နိုင်ငံပြည်တွင်းရှိ တစ်ဆင့်ခံ လေကြောင်းလိုင်းဖြင့် ဖြစ်စေ ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုခဲ့သည်။

၂၀၂၀ပြည့်နှစ်တွင် ဟိုင်နန်ပြည်နယ်သို့ နိုင်ငံခြားသား ခရီးသွား ၂သန်း ဝင်ရောက်ရန် မျှော်မှန်းထားပြီး၂၀၁၈-၂၀၂၀ကြားတွင် နှစ်စဉ် ခရီးသွား ၂၅ ရာခိုင်နှုန်း ထိတိုးမြင့်ဝင်ရောက်လာရန် ရည်မှန်းထားကြောင်း ဇွန်လတွင်ထုတ်ပြန်သော သုံးနှစ်တာ စီမံကိန်းအစီရင်ခံစာရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.