ရန်ကုန်၊ ဒီဇင်ဘာ၂ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း နေအိမ်ဆောက်လုပ်ပေးခြင်းအား လာမည့် ဘဏ္ဍာနှစ်၌ လိုအပ်သော ကျေးရွာများကို ဆက်လက်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ရက် (ဆင်ဟွာ) ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် Nissan UD (၂၂) ဘီးယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်းများ မပြသနိုင်သော ကျပ် ၉သန်းကျော် တန်ဖိုး လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြဿနာနှင့် စပ်လျဉ်း၍ သဘောတူညီမှုများ ရရှိခဲ့ကြောင်း တရုတ်ကုန်သွယ်ရေးအဖွဲ့၏သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး...
နယူးဒေလီ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Assam ပြည်နယ် ၌ ဒီဇင်ဘာ ၁ရက်တွင် မြို့ပတ်ရထားတစ်စီးအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ Fort Lauderdale မြို့ ရှိ အဆောက်အဦ တစ်ခုထဲသို့ ဒီဇင်ဘာ ၁ရက် က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ လူ ၂ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့သည် “ အနာဂတ်ကာလတွင် သင့်တော်သောအချိန်တစ်ခု၌ နှစ်နိုင်ငံအပြန်အလှန် လည်ပတ်ကြရန်” သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အခြားသွင်းကုန်များအပေါ် တရုတ်-အမေရိကန် နှစ်နိုင်ငံအနေဖြင့် ထပ်ဆောင်အခွန်သစ်များ စည်းကြပ်တော့မည်မဟုတ်ကြောင်း တရုတ်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးကပြောကြား(Xinhua)
ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး အောင်မြင်စေရန် “ လုပ်နိုင်တာ နှင့် လုပ်သင့်တာ” များကို အသေအချာ လုပ်ဆောင်သွားမည်ဟု ဒီဇင်ဘာ ၁ ရက်တွင် သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့်...
ပေကျင်း၊ဒီဇင်ဘာ ၁(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ၊ဗျူနိုအေးရိစ်မြို့တွင် ကျင်းပလျက်ရှိသော ဂျီ-၂၀ ကမ္ဘာ့နိုင်ငံကြီးများ၏ထိပ်သီးများ အစည်းအဝေး၌ ဂျီ-၂၀ ကမ္ဘာ့စီးပွားရေးအဓိကနိုင်ငံကြီးများ၏ ခေါင်းဆောင်များသည်လည်း၎င်းတို့အ ကြား သဘောတူညီမှုနှင့်ယုံကြည်မှုတို့ကိုတည်ဆောက်ရန်လိုသည်ဟု ကမ္ဘာ့နိုင်ငံများ၏မြင့်မားသော မျှော်လင့်ချက်များနှင့်အတူ စုဝေးရောက်ရှိနေကြသည်ဟုဆိုရပေမည်။