ကာရာကာ့စ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်းပြည်နယ် Miranda တွင် ဒီဇင်ဘာလ ၁၉ရက် ည၌ ဖြစ်ပွားခဲ့သည့် ပုဂ္ဂလိကလေယာဉ်တစ်စီးပျက်ကျမှု တွင် လူ ၉ဦးသေဆုံးခဲ့ကြောင်း ရှေ့နေချုပ် Tarek William Saab က ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး အဆင့်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ၂၆ ရက်အထိ တွံတေးမြို့မဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ယနေ့တရုတ်လူအဖွဲ့အစည်း ကို သရုပ်ဖော်ပြသသည့် စိတ်ဓာတ်ခွန်အားများပေးစွမ်းနိုင်သော ရသအမျိုးအစားဖြင့် ရိုက်ကူးထားသည့် “ခွန်အားများနဲ့နေ့သစ်ဆီ” မြန်မာနောက်ခံစကားပြော ရုပ်သံဇာတ်လမ်းတွဲ ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်မှ စကာ Sky Net ရုပ်မြင်သံကြား World Drama...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စပါးဝယ်ယူနိုင်ရေးအတွက် ကျပ် ၁၃ ဘီလီယံ လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယပါလီမန်က အတည်ပြုပြဌာန်းခဲ့သော အငြင်းပွားလျက်ရှိသည့် နိုင်ငံသားပြုမှုဥပဒေသစ်ကို အိ န္ဒိယနိုင်ငံတစ်ဝန်းတွင်အကြမ်းဖက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာဒီဇင်ဘာလ ၂၀ ရက်က နိုင်ငံမြောက်ပိုင်း အတ်တာပရာဒက်ရှ် ပြည်နယ်တွင် အနည်းဆုံးခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဝစ်ခ်လစ်ဖီး ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) “ မိမိ တို့အနေဖြင့် လူအင်အား နှင့် အလုပ်အကိုင် အခွင့်အလမ်း ဟူသည့် ဆုံးရှုံးမှု နှစ်မျိုး ကို တစ်ချိန်တည်းတွင်း ခံစားခဲ့ရဖူးပြီး ယင်းအခြေအနေ အား ၂၀၁၈ ခုနှစ် တွင် စတင် ပြောင်းလဲနိုင်ခဲ့ခြင်းမှာ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးပလိပ်အင်းရေတိမ်ဒေသ၌ ယခုနှစ်တွင် ရေဝင်နည်း ပါးသဖြင့် နှစ်စဉ်လာရောက် ကျက် စားလေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှု ပုံစံပြောင်းလဲလာကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေး အသင်းမှ သိရသည်။
မကာအို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်နှင့် ပဉ္စမမြောက် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ရာထူးအပ်နှင်းခြင်း အခမ်းအနားများ တက်ရောက်ခြင်းနှင့် အခြားလှုပ်ရှားသွားလာမှုများ သွားရောက်ခြင်းများပြီးနောက် မကာအိုခရီးစဉ်ပြီးဆုံးကာ ဒီဇင်ဘာ ၂၀ ရက်...